၁၆ မတ် ၂၀၂၅ - ၁၆:၄၆
မည်သည့် စတေးမှု ကို ပေးရပေးရ ဂါဇာ နှင့် အတူရပ်တည်နေမည် ဖြစ်ကြောင်း အန်ဆွာရိုလ္လာဟ် ပြောကြား

ယီမင် အန်ဆွာရိုလ္လာဟ် လှုပ်ရှားမှု၏ နိုင်ငံရေးဗျူရို ၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးက ပါလက်စတိုင်းအား မည်သည့် စတေးမှု ကိုပေးရပေးရ ဂါဇာ ကို ထောက်ခံ အားပေးနေမည်ကို လက်လွတ် သွားမည် မဟုတ်ကြောင်း အလေး ပေးပြောကြားခဲ့ပြီး ရန်သူ၏ရန်လိုမှုများကို တုံ့ပြန်ရာတွင် ယီမင်သည် မည်မျှ မှန်ကန်ကြောင်း ပြောသည့် အတိုင်း လုပ်ကြောင်း လူတိုင်းသိကြပြီးဖြစ်ကြောင်း အမေရိကန်အနေဖြင့် ယီမင်၏ တုံ့ပြန်မှုကို စောင့်မျှော် ဖို့သာ လိုကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယီမင်ရှိ အရပ်သားဒေသများအပေါ် အမေရိကန်နှင့် ဗြိတိန်တို့၏ ရာဇ၀တ်ကျူးကျော်မှုများအပေါ် ယီမင်၏ တရားဝင်တုံ့ပြန် ပြောကြားမှုအပြီးတွင် အန်ဆွာရိုလ္လာဟ် လှုပ်ရှားမှု၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးဖြစ်သည့် မိုဟမ္မဒ် အလ်ဗခီသီ က မိန့်ခွန်းတွင် ယီမင်သည် ပါလက်စတိုင်းကို ထောက်ခံရန် မိမိ ၏ ဆုံးဖြတ်ချက်ကို မည်သည့်အခါမျှ နောက်ပြန်ဆုတ်မည်မဟုတ်ဘဲ ဤကိစ္စ အတွက် မည်သည့် စတေးမှုကို ပေးရပေးရပေးသွား မည် ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

Al-Mayadeen နှင့် အင်တာဗျူးတစ်ခုတွင် မိုဟမ္မဒ် အလ်ဗခီသီ က ယီမင် အပေါ်  အမေရိကန် ၏ ရန်စမှုဟာ တိုက်ခိုက်မှု သည် တရားမျှတမှု မရှိသလို၊အပြန်အလှန် တုံ့ပြန်မှုတွေ ရှိလာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မိုဟမ္မဒ် အလ်ဗခီသီ က ဆက်လက်ပြီး ကျွန်ုပ်တို့၏ တုံ့ပြန်မှုများတွင် အပြောနှင့်အလုပ် ညီကြောင်း  လူတိုင်းသိပြီး ဖြစ်ကြောင်း မည်သူမဆို ကျွန်ုပ်တို့ကို ပြဿနာ ရှာသူ လို စွပ်စွဲမည်ဆိုလျင် မည်သူမဆို အမေရိကန် နှင့် အစ္စရေး နှင့်အတူ ရှိသူများသာ  အမေရိကန် နှင့် အစ္စရေးကဲ့သို့ ပြဿနာ ရှာသူများ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဤ အန်ဆွာရိုလ္လာဟ် လှုပ်ရှားမှု မှ တာဝန်ရှိသူ မိုဟမ္မဒ် အလ်ဗခီသီ က နယ်ချဲ့ ဇီယွန်ဝါဒီအစိုးရအနေဖြင့်  ယီမင်ကို ဝိုင်းရံ ထားမှုတွင် အတိတ်က လုပ်ဆောင်ခဲ့သည့်အရာများကို ထပ်ခါတလဲလဲ ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း မှတ်ချက် ပြု ပြောကြား ခဲ့ပါတယ်။

ထို့အပြင် အမေရိကန် ၏ ရန်လိုမှုကို တုံ့ပြန်ရန် လမ်းကြောင်းပေါ်ရှိနေပြီဖြစ်ပြီး ယီမင်သည် အမေရိကန်ရှိ ထရန့် သမ္မတ ဖြစ်ဖြစ်  ဂျိုးဘိုင်ဒင် သမ္မတ ဖြစ်ဖြစ် မည်သည့် ကွာခြားချက်မှ မရှိကြောင်း ယီမင် အနေဖြင့် မည်သည့် စတေးမှုကို စတေးရစတေးရ စတေးသွားမည် ဖြစ်ကြောင်း မည်သည့်အချိန်မဆို ပါလက်စတိုင်း ထောက်ခံမှု အား ရပ်စဲသွားမည်မဟုတ်ဘဲ အမေရိကန် နှင့် ရင်ဆိုင်သွားမည် ဖြစ်ကြောင်း မိုဟမ္မဒ် အလ်ဗခီသီ က ထပ်လောင်း ပြောကြား ပါတယ်။

ဤတိုက်ပွဲသည် ယခင်တိုက်ပွဲ နှင့် ကွာခြားချက်မှာ ထရန့်  သမ္မတ ဖြစ်လာခြင်း နှင့် အတူ လက်ရှိတိုက်ပွဲသည် အေမရိကန် တို့၏ အမှား နှင့် မိမိတို့၏ အမှန် ကိုပြသည့်တိုက်ပွဲဖြစ်ကြေင်း  မိမိတို့သည် မဇ်လူးမ် များဘက်မှ  ဖြူစင်စွာရပ်တည်သည့် ခံစစ် တိုက်ပွဲဖြစ်သည်ကို ကမ္ဘာ အတွက် သိသာထင်ရှားစေသည့် တိုက်ပွဲ ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

.......................................................

END / 251

Your Comment

You are replying to: .
captcha