အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الحسین علیه السلام :
مَنْ سَرَّهُ أَنْ يُنْسَأَ فِى أَجَلِهِ وَ يُزادَ فى رِزْقِهِ فَلْيَصِلْ رَحِمَهُ.
အေမာမ် ဟိုစိုင်းန်(အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အကြင်မည်သူမဆို သည် မိမိသေခြင်းကို မေ့လျော့ခြင်း (နှောင့်နှေးခြင်း) နှင့် မိမိစားနပ်ရိက္ခာ ကို တိုးပွား စေလိုလျင် ဆေလဟ်ရဟ်မ် (မိဘ၊ညီအစ်ကို၊ညီအစ်မ၊သားသမီး၊ဆွေမျိုးသားချင်းများကိုကြည့်ခြင်း၊ကူညီခြင်း) ပြုရ မည် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၁ ၊ စာမျက်နှာ ၉၁
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် ဆေလဟ်ရဟ်မ် (မိဘ၊ညီအစ်ကို၊ညီအစ်မ၊သားသမီး၊ဆွေမျိုးသားချင်းများကိုကြည့်ခြင်း၊ကူညီခြင်း) ၏ အရေးကြီးမှုကို သုံးသပ် နိုင်မည် ဖြစ်ပါတယ်။ ဝမ်းနည်း စွာ ဖြင့် ယနေ့ အများစုသည် ဆေလဟ်ရဟ်မ် (မိဘ၊ညီအစ်ကို၊ညီအစ်မ၊ သားသမီး၊ ဆွေမျိုးသားချင်းများကိုကြည့်ခြင်း၊ကူညီခြင်း) မလုပ်ကြသူများ ၊ မေ့နေကြသူများ ဖြစ်ပါတယ်။ ဆေလဟ် ရဟ်မ် (မိဘ၊ညီအစ်ကို၊ညီအစ်မ၊သားသမီး၊ဆွေမျိုးသားချင်း များကိုကြည့်ခြင်း၊ကူညီခြင်း) ပြုလုပ်ချိန် မှာ အနည်း စလာမ် ပေး ခြင်း ၊ ကျန်းမာရေး မေးခြင်း စသည်တို့ကိုလည်း ပြုသင့်ပါတယ်။ ၎င်းတို့ကို ငွေကြေး ထောက်ပံ့ခြင်း ၎င်းတို့ ၏ အိမ်များ နှင့်ပတ်သက်ပြီး အဝင်အတွက် ပြုပေးခြင်းများသည်လည်း ဆေလဟ် ရဟ်မ် ဖြစ်ပါတယ်။ ယနေ့ အချို့ သည် သွေးမတော် သားမစပ် သည့် ငွေကြေး ဒုက္ခ ရောက်နေသူများ ကို ကူညီကြပြီး မိမိ မိဘ၊ ညီအစ်ကိုမောင်နှမ ၊ ဦးလေးအဒေါ် စသည်ဖြင့် ဆွေမျိုးသားချင်းများ ငွေကြေး ဒုက္ခ ရောက် နေ သည်ကို လျစ်လျူရှုထားကြသည်ကို အလွန် ဝမ်းနည်း ဖွယ်တွေ့နေရပါတယ်။ ကျနော်တို့အားလုံး ဆေလဟ် ရဟ်မ် အမြဲ ပြုနိုင်ကြပါစေ။
****************************************************************
END / 251
Your Comment