အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အင်္ဂါနေ့တွင် အစ္စရေးစစ်တပ်က တောင်ပိုင်းလက်ဘနွန်ရှိ ဟစ်ဘွလ္လာဟ် အဖွဲ့ဝင်သုံးဦးကို ပစ်မှတ်ထား သတ်ဖြတ်ခဲ့ ကြောင်း ၎င်းတို့အနက် တစ်ဦးမှာ လက်ဘနွန်စစ်တပ်၏ ထောက်လှမ်းရေးဌာနနှင့် ဆက်စပ်နေ ကြောင်း ပြောကြားခဲ့ပါတယ်။
အစ္စရေးစစ်တပ်က ကြေညာချက်တစ်စောင်တွင် တနင်္လာနေ့တွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုသည် အစ္စရေး တပ်ဖွဲ့များကို တိုက်ခိုက်ရန်နှင့် ဟစ်ဘွလ္လာဟ် ၏ စစ်ရေးအခြေခံအဆောက်အအုံများကို ပြန်လည် တည်ဆောက် ရန် စီစဉ်နေစဉ် ဟစ်ဘွလ္လာဟ် အဖွဲ့ဝင်သုံးဦးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြော ကြား ခဲ့ပါတယ်။
ကနဦးစုံစမ်းစစ်ဆေးမှုများအရ သေဆုံးသူများထဲမှ တစ်ဦးသည် လက်ဘနွန်စစ်တပ်၏ ထောက်လှမ်းရေး တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေပြီး ကျန်တစ်ဦးမှာ ဆီဒွန်ဒေသရှိ ဟစ်ဘွလ္လာဟ် ၏ လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။
အစ္စရေးစစ်တပ်က လက်ဘနွန်စစ်တပ်နှင့် ဟစ်ဘွလ္လာဟ် တို့အကြား ဆက်ဆံရေးကို အလွန် အန္တရာယ်များ သည်ဟု ယူဆကြောင်း နှင့် အစ္စရေးနိုင်ငံသားများအပေါ် မည်သည့်ခြိမ်းခြောက်မှုကိုမဆို ဖယ်ရှားရန် မိမိတို့ ၏ လုပ်ဆောင် ချက်များ ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အလေးပေးပြောကြားခဲ့ပါတယ်။
အစ္စရေးစစ်တပ်သည် စစ်ရေးအခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရန် လုပ်ဆောင်နေသော ဟစ်ဘွလ္လာဟ် အဖွဲ့ဝင်များကို ဆက်လက်ပစ်မှတ်ထားနေကြောင်း ကြေညာချက်တွင် ဆက်လက်ဖော်ပြထားပြီး ဤလုပ်ရပ်များသည် လက်ဘနွန်နှင့် အစ္စရေးအကြား ရှိပြီးသား နားလည်မှုများကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း ဖော်ပြထားပါ တယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment