၂၀ ဇန်နဝါရီ ၂၀၂၆ - ၁၄:၃၃
အမေရိကန်တွင် ဆန္ဒပြမှုများ ကို နှိမ်နင်းရန် ရဲတပ်ဖွဲ့ နှင့် စစ်တပ်ကို ပြင်ဆင်ရန် အမိန့်၊ ဆန္ဒပြသူများကို ခြိမ်းခြောက်

အမေရိကန်၏ ထရမ့် အစိုးရမှ စစ်တပ်နှင့် ဖက်ဒရယ် ရဲတပ်ဖွဲ့ကို ပြင်ဆင်ထားရန် အမိန့်ထုတ်ပြန်ကာ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို နှိမ်နင်းရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန ၏ အစီရင်ခံစာအရ မင်နီအက်ပလစ် (Minneapolis) မြို့တွင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် ဆက်တိုက်ဖြစ်ပေါ်နေသော ဆန္ဒပြပွဲများကို ရပ်တန့်စေရန် ထရမ့်အစိုးရက စစ်တပ်နှင့် ဖက်ဒရယ် ရဲတပ်ဖွဲ့ကို ပြင်ဆင်ရန် အမိန့်ထုတ်ပြန်လိုက်ခြင်းဖြင့် လူထုကို နှိမ်နင်းသည့် အဆင့်ကို အမျိုးသား အဆင့် သို့ တိုးမြှင့်လိုက် ကြောင်း သိရပါတယ်။

CNN ၏ ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အမျိုးသမီးတစ်ဦး သေဆုံးမှုအပေါ် ဆက်လက် ဖြစ်ပေါ်နေသော ဆန္ဒပြပွဲများနှင့် တုံ့ပြန်သည့်အနေဖြင့် “ဖျက်သိမ်းထားသော အဓွန်တရ ဥပဒေ” (Insurrection Act) ကို အသက်သွင်းရန် ခြိမ်းခြောက်ခဲ့ပြီး စစ်တပ် ဗိုလ်ခွဲ (Brigade) နှစ်ခုကို မင်နီအက်ပလစ်မြို့သို့ စေလွှတ်မည်ဟု ကြေညာခဲ့ပါတယ်။

မင်နီအက်ပလစ်မြို့တော်ဝန်က စစ်တပ် စေလွှတ်မှု သတင်းနှင့် ပတ်သက်၍ မှတ်ချက်ပြုရာတွင် ထိုလုပ်ရပ်သည် မတရားကြောင်းနှင့် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha