အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂျမ်အီယသ်သေအစ္စလာမ်မီ အဲဟ်လေ့ဘိုက်(သ) (အ.စ) မော်စကို သည် အမေရိကန် နှင့် ဇီယွန်ဝါဒီ အာဏာပိုင်များ၏ အီရန်နိုင်ငံအတွက် ဆူပူ သောင်းကြမ်း မှု ဖြစ်အောင် ပြုလုပ်မှုအား ကန့်ကွက် ရှုတ်ချ ခဲ့ပြီး အီရန်ပြည်သူများကို ရေးသားထားသော ကြေညာချက်တွင် အီရန် ပြည်သူများကို မိမိ တို့၏ နာမ်ပိုင်းဆိုင်ရာ နှင့် နိုင်ငံရေး ဆိုင်ရာ ခေါင်းဆောင်များ အနီးတွင် ဝိုင်းရန် ပေးရန် နှင့် အီရန်ပြည်သူများ စည်းလုံးညီညွတ်ကြမှုကို ကမ္ဘာသိအောင် ပြသပေးဖို့ တိုက်တွန်းရေးသားထားပါတယ်။
ဤကြေညာချက်၏ စာသား မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အလွန်တရာ သနားကြင်နာညှာတာတော်မှုသည့် အနန္တ ဂရုဏာ တော် ရှင် အလ္လာဟ် ဟို အရှင်မြတ်၏ နာမတော် ဖြင့် အစပြုပါ၏။
ကြီးမားသည့် အီရန်လူမျိုး၏ ညီအစ်ကို၊မောင်နှမများ ! ဤခက်ခဲသော အချိန်တွင် အင်ပိုရီယယ်လစ် ( မိမိနိုင်ငံကို အားကောင်းအောင် လုပ်ရင်း အခြားနိုင်ငံကို အုပ်ချုပ်ခြင်း )ဆိုသည့် အမှောင်၏ အင်အား များသည် အီရန် အတွင်းရေး ကွဲပြားမှုများ နှင့် လှုံ့ဆော်မှုများကို မတရား အသုံးပြုရန် ကြိုးပမ်းနေသည့် အချိန်ဖြစ်ပါသည်။ ကျွန်တော်တို့သည် သင်တို့၏ တရားမျှတမှု ရည်ရွယ်ချက်ကို အမှန်တကယ် အားပေးပါ သည်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ကြံ့ကြံ့ခံခုခံမှု ၏ မျှောင်လင့်ချက် မီးတိုင် ဖြစ်ပါသည်။
အခက်အခဲ ကာလတွင် စည်းလုံး ညီညွတ်မှု နှင့် အီမာန်သက်ဝင် ယုံကြည်မှု သည် ကျွန်ုပ်တို့၏ စိတ်ဓာတ် ရေးရာ ကို အားပေးပြီး စိန်ခေါ်မှုတိုင်းကို ရင်ဆိုင်နိုင်ရန် အားအင်ပေးပါသည်။ ကျွန်ုပ်တို့ အနေဖြင့်အီရန် ပြည်သူများကို မိမိ တို့၏ နာမ်ပိုင်းဆိုင်ရာ နှင့် နိုင်ငံရေး ဆိုင်ရာ ခေါင်းဆောင်များ အနီးတွင် ဝိုင်းရန် ပေးရန် နှင့် အီရန်ပြည်သူများ စည်းလုံးညီညွတ်ကြမှုကို ကမ္ဘာသိအောင် ပြသပေးဖို့ တိုက်တွန်းအပ်ပါသည်။ အလ္လာဟ် ဟို အရှင်မြတ် သည် သင်တို့အား ဉာဏ်ပညာ ၊ သည်ခံနိုင်ရည်နှင့် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းနှင့် နိုင်ငံကို ပျက်စီးစေလိုသူများကို အောင်မြင်နိုင်ရန် စွမ်းအားအင်အား ပေးသနားတော်မူပါစေ။ သင်တို့၏ ရည်ရွယ်ချက်သည် အားကောင်းပြီး အောင်မြင်မှု ဆွတ်ခူးနိုင်ကြပါစေ။
ချစ်ခြင်းနှင့်လေးစားခြင်းဖြင့်
ဂျမ်အီယသ်သေအစ္စလာမ်မီအဲဟ်လေ့ဘိုက်(သ)(အ.စ)မော်စကို
၂၀၂၆ခုနှစ် ဇန်နဝါရီ၁၀ရက်နေ့
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment