ရုရှား
-
ရုရှားပါလီမန်ရွေးကောက်ပွဲတွင် ပူတင်ထောက်ခံပါတီ အသာစီးရရှိ
မဲရေတွက်မှု ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးချိန်တွင် United Russia (ရုရှားညီညွတ်ရေးပါတီ) က မဲ ၅၇ ရာခိုင်နှုန်းကျော် ရရှိထားပြီး၊ကွန်မြူနစ်ပါတီ က မဲ ၁၃.၈၄ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိနေပါတယ်။
-
ရုရှားနိုင်ငံတွင် ဒါဂက်စတန်မှ လူငယ် ၇၅ ဦးအတွက် ကုရ်အာန်သင်ကြားရေးသင်တန်း ပိတ်ပွဲ အခမ်းအနား ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ ရုရှားနိုင်ငံ၏ သမိုင်းဝင် ဒါဘန့်မြို့တွင် ဒါဂက်စတန်မှ လူငယ် ၇၅ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့သည့် ၁၇ ကြိမ်မြောက် နွေရာသီ ကုရ်အာန်ကျမ်းတော်မြတ် အဖတ်သင်တန်း၏ အပိတ်အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အဆိုပါသင်တန်း ပြီးဆုံးချိန်တွင် သင်တန်းသားများအား အောင်လက်မှတ်တစ်စောင်စီနှင့် ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်စီ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
-
အမေရိကန်သည် ဥရောပတွင် နျူကလီးယားလက်နက် အသုံးပြုရန် အလေးအနက် စဉ်းစားနေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြော
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အထူးကိုယ်စားလှယ် အန်ဒရေ ဘီလူဆော့ဗ်က အမေရိကန်၏ စစ်ရေး မဟာ ဗျူဟာ ကျွမ်းကျင်သူများသည် ဥရောပစစ်မျက်နှာတွင် နျူကလီးယားလက်နက်များ အသုံးပြုနိုင်မည့် အခြေ အနေများ ကို အလေးအနက် စဉ်းစားသုံးသပ်နေကြသည်ဟု ပြောကြားခဲ့ပါတယ်။
-
ပူတင်နှင့် CIA အကြီးအကဲ တွေ့ဆုံခဲ့သည်ဆိုသော သတင်း မှာမဟုတ်
ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် က ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) အကြီးအကဲ ဂျွန် ရက်တ်ကလစ်ဖ် တို့ တွေ့ဆုံခဲ့သည်ဆိုသည့် ထွက်ပေါ်လာသော သတင်းအချို့ကို မမှန်ကြောင်း ပြောကြားခဲ့ပါတယ်။
-
ပူတင်က ဆီးရီးယား၏ စည်းလုံးညီညွတ်မှုနှင့် နယ်မြေပိုင်ဆိုင်မှု အပြည့်အဝရှိရေးကို ရုရှားက ထောက်ခံ ကြောင်း အလေးပေးပြောကြား
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ဆီးရီးယားသမ္မတ အဲဟ်မဒ် အရှ်ရှရအ် (အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ) နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုရာတွင် ဆီးရီးယားနိုင်ငံ၏ စည်းလုံးညီညွတ်မှု၊ အချုပ်အခြာအာဏာနှင့် နယ်မြေ ပိုင်ဆိုင်မှု အပြည့် အဝရှိရေး အတွက် မော်စကို၏ ထောက်ခံမှုကို အလေးပေးပြောကြားခဲ့ပြီး ရေရှည်တည်ငြိမ်မှု ရရှိ ရေးနှင့် နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့် အခြေအနေများ ဖန်တီးပေးရေးသည် မဖြစ် မနေလို အပ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
အနောက်နိုင်ငံများ ၏ ကုန်တင်သင်္ဘောများကို တိုက်ခိုက်ပိုင်ခွင့်ရှိသည်ဟု ရုရှားပြော
ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ Dmitry Medvedev က ရန်သူနိုင်ငံတစ်နိုင်ငံ၏ ကုန်တင်သင်္ဘောသည် ယူကရိန်းအတွက် ပစ္စည်းများ သယ်ဆောင်နေကြောင်း လုံလောက်သော အထောက်အထားများ ရရှိပါက ရုရှား အနေဖြင့် အဆိုပါသင်္ဘောကို ပစ်မှတ်ထားတိုက်ခိုက်ပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
-
ပါရှန်းပင်လယ်ကွေ့ရှိ ရုရှား၏ မဟာဗျူဟာအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် ရန်လိုမှု၏ သက်ရောက်မှု
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် ပါရှန်းပင်လယ်ကွေ့ရှိ စုပေါင်းလုံခြုံရေးဆိုင်ရာ ရုရှားအယူဝါဒ၏ အပ်ဒိတ် ဗားရှင်းကို ထုတ်ပြန်ခဲ့ပါတယ်။
-
မော်စကိုတွင် ရုရှားစစ်ဘက်အရာရှိတစ်ဦး လုပ်ကြံခံရ
ရုရှားစစ်ဘက်အရာရှိများက အင်္ဂါနေ့တွင် မော်စကိုမြို့ အရှေ့ဘက်ဆင်ခြေဖုံးရပ်ကွက်တွင် ကားဗုံး ပေါက်ကွဲမှု ကြောင့် အကြီးတန်းစစ်ဘက်အရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
-
အမေရိကန်ဟာ ချောက်ကမ်းပါးစွန်းမှာ ရပ်နေပြီး လွှမ်းမိုးမှုခေတ် ကုန်ဆုံးတော့မယ်လို့ ရုရှားမီဒီယာများက ဖော်ပြ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ရုရှားဝက်ဘ်ဆိုက်တစ်ခုက ကမ္ဘာ့အဆင့် မှာ အမေရိကန်လွှမ်းမိုးမှုခေတ် ကုန်ဆုံးတော့မယ်လို့ ဖော်ပြခဲ့ပါတယ်။
-
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမှအီရန်ကို တိုက်ခိုက်နေသူများသည် ရေဒီယိုသက်တံ့ ညစ်ညမ်းမှု အန္တရာယ်ကို လျစ်လျူရှုနေကြကြောင်းပြောကြား
ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူသည် အီရန်၏ ငြိမ်းချမ်းရေးရည်ရွယ်သည့် နျူကလီးယား စက်ရုံများအပေါ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ အီရန်ကို တိုက်ခိုက်နေသူများသည် ရေဒီယိုသက်တံ့ ညစ်ညမ်းမှု အန္တရာယ်ကို မစဉ်းစားဘဲ စစ်ပွဲကို ပိုမို ပြင်းထန်စေ နေကြသည်ဟု ပြောကြားခဲ့ပါတယ်။
-
နချီဝန် ဒရုန်းဖြစ်ရပ်အတွက် အမေရိက နှင့် အစ္စရေးကို တာဝန်ရှိကြောင်း ရုရှားပြောကြား
ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အဇာဘိုင်ဂျန်နိုင်ငံ၏ နချီဝန် ဒေသတွင် ဖြစ်ပွား ခဲ့သော ဒရုန်းတိုက်ခိုက်မှုအကြောင်း ပြောကြားရာတွင် ဒေသတွင်း လက်ရှိ ဖြစ်ပေါ်နေသော အပြောင်း အလဲများ အတွက် တာဝန်ရှိသူမှာ တိုက်ခိုက်မှုကျူးလွန်သူများနှင့် ထိုတိုက်ခိုက်မှုကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်စွာ ထောက်ခံနေသော နိုင်ငံများဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
ဂျမ်အီယသ်သေအစ္စလာမ်မီ အဲဟ်လေ့ဘိုက်(သ) (အ.စ) မော်စကို / ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီသည် ကြံ့ကြံ့ခံခုခံမှု ၏ မျှောင်လင့်ချက် မီးတိုင် ဖြစ်ပါတယ်
မော်စကိုမြို့တော်ရှိ ဂျမ်အီယသ်သေအစ္စလာမ်မီ အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် အီရန်ပြည်သူများကို ရေးသားထားသော ကြေညာချက်တွင် အီရန် ပြည်သူများကို မိမိ တို့၏ နာမ်ပိုင်းဆိုင်ရာ နှင့် နိုင်ငံရေး ဆိုင်ရာ ခေါင်းဆောင်များ အနီးတွင် ဝိုင်းရန် ပေးရန် နှင့် အီရန်ပြည်သူများ စည်းလုံးညီညွတ်ကြမှုကို ကမ္ဘာသိအောင် ပြသပေးဖို့ တိုက်တွန်းရေးသားထားပါတယ်။
-
အစ္စရေးနိုင်ငံမှ ရုရှားသံရုံးဝန်ထမ်းများ နှင့် မိသားစုများကို အရေးပေါ်ပြောင်းရွှေ့မှုများ စတင်
IRAN Uurdu သတင်းစာမျက်နှာ ၏ အစီရင်ခံစာအရ ရုရှားစစ်တပ်သည် အစ္စရေးနိုင်ငံမှ ရုရှားသံရုံးဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများကို အရေးပေါ်ပြောင်း ရွှေ့မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ရုရှားနိုင်ငံသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးနိုင်ငံရှိ ၎င်း၏သံရုံးကို ပြောင်းရွှေ့ရန် တတိယအကြိမ်မြောက် လေယာဉ်တစ်စင်း စေလွှတ်ခဲ့ပါတယ်။ ဤလုပ်ဆောင် ချက် သည် အီရန်နှင့် အစ္စရေးနိုင်ငံအကြား မကြာမီ စစ် ဖြစ်ပွားနိုင်ခြေရှိကြောင်း ညွှန်ပြ နေပါတယ်။
-
ဗရှားရိုလ်အဆက်ဒ် ကို မည်သည့်အခြေအနေမျိုးတွင် ဖြစ်စေ ဆီးရီးယားသို့ လွှဲပြောင်းပေးမည်မဟုတ်ကြောင်း ရုရှား ကြေညာ
အီရတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အယ်လ်ဘပ်စ် ကိုတာရာရှက်ဗ် က မိမိ ၏နိုင်ငံသည် ဆီးရီးယား သမ္မတဟောင်း ဗရှားရိုလ်အဆက်ဒ် ကို ဒမတ်စကတ်စ်ရှိ အစိုးရသစ်ထံ လွှဲပြောင်း ပေးအပ်မည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။
-
ဗင်နီဇွဲလား နှင့်ပတ်သက်၍ အမေရိကန်၏ခြိမ်းခြောက်မှုများ နှင့် ရုရှား၏ အတူရှိကြောင်း ပြောကြားမှု
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကြာသပတေးနေ့တွင် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုထံ ဖုန်းခေါ်ဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စု၏ ခြိမ်းခြောက်မှုများ တိုးပွားလာနေချိန်တွင် ကာရာကတ်စ်အပေါ် မော်စကို၏ ထောက်ခံမှုကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
-
အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ရန် ကြိုးပမ်းမှုတိုင်းသည် လက်ခံနိုင်စရာမရှိကြောင်း အကြီးတန်း ရုရှား အထက်လွှတ်တော်အမတ်များ ပြောကြား
ရုရှားအထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ကွန်စတန်တိန်ကစာချေဖ် နှင့် နိုင်ငံတကာရေးရာကော်မတီဥက္ကဋ္ဌ ဂရီ ဂေါ့ရီ ကရာစင်န် တို့က အနောက်နိုင်ငံများ၊ အထူးသဖြင့် ဥရောပ Troika မှ အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည် ချမှတ်ရန် ကြိုးပမ်းမှုတိုင်းသည် အချည်းနှီးဖြစ်ပြီး တရားမဝင်ကြောင်း ပြောကြားခဲ့ပါတယ်။
-
ဥရောပက စစ်တိုက်ချင်ရင် ရုရှား အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာပူတင် ပြောကြား
ဥရောပက စစ်ပွဲစရင် ရုရှားက အသင့်ဖြစ်နေပေမယ့် ရုရှားက ဥရောပကို စစ်တိုက်ဖို့ မရည်ရွယ်ဘူးလို့ ရုရှား သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပါတယ်။
-
ရုရှားကျောင်းသူများသည် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် နှင့် တွေ့ဆုံ ။ ။ Photos
အဗ်နာ ။ ။ ရုရှားကျောင်းသူများ ၊ ရုရှား သာသနာပြုဆရာ များ နှင့် ဘာသာရေးလှုပ်ရှားသူများအဖွဲ့သည်ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့ ၂၀၂၅ ခုနှစ် စနေနေ့ ယနေ့မွန်းလွဲပိုင်းတွင် ကွမ်း မြို့ရှိ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အဆောက်အအုံတွင် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေး မှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
-
လွန်ခဲ့သော ၁၀ နာရီကျော် က ရုရှားစစ်ဘက်ကုန်တင်လေယာဉ် IL-76 TD သည် တီဟီရန်သို့ ဆင်းသက်
သတင်းထူး - IRAN Uurdu သတင်းဌာန ၏ အစီရင်ခံစာအရ လွန်ခဲ့သော ၁၀ နာရီကျော် က ရုရှား စစ်ဘက် ကုန်တင်လေယာဉ် IL-76 TD သည် တီဟီရန်သို့ ဆင်းသက် ခဲ့ကြောင်း သိရှိရပါတယ်။