၂၆ ဩဂုတ် ၂၀၂၆ - ၂၂:၃၄
ပူတင်က ဆီးရီးယား၏ စည်းလုံးညီညွတ်မှုနှင့် နယ်မြေပိုင်ဆိုင်မှု အပြည့်အဝရှိရေးကို ရုရှားက ထောက်ခံ ကြောင်း အလေးပေးပြောကြား

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ဆီးရီးယားသမ္မတ အဲဟ်မဒ် အရှ်ရှရအ် (အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ) နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုရာတွင် ဆီးရီးယားနိုင်ငံ၏ စည်းလုံးညီညွတ်မှု၊ အချုပ်အခြာအာဏာနှင့် နယ်မြေ ပိုင်ဆိုင်မှု အပြည့် အဝရှိရေး အတွက် မော်စကို၏ ထောက်ခံမှုကို အလေးပေးပြောကြားခဲ့ပြီး ရေရှည်တည်ငြိမ်မှု ရရှိ ရေးနှင့် နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့် အခြေအနေများ ဖန်တီးပေးရေးသည် မဖြစ် မနေလို အပ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ဆီးရီးယားသမ္မတ အဲဟ်မဒ် အရှ်ရှရအ် နှင့် ဖုန်းဖြင့် ဆက်သွယ်ကာ ဆီးရီးယား နိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး အလား အလာများ ကို ဆွေးနွေးခဲ့ပါတယ်။

ကရင်မလင်၏ ထုတ်ပြန်ချက်အရ မော်စကိုသည် ဆီးရီးယား၏ စည်းလုံးညီညွတ်မှု၊ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှု အပြည့်အဝရှိရေး ကို ထောက်ခံသည့် ၎င်း၏ အခြေခံမူဝါဒကို ဆက်လက်ထိန်းသိမ်းထားပြီး ဆီးရီးယားတွင် ရေရှည်တည်ငြိမ်မှုနှင့် ပြန်လည်တည်ဆောက်ရေးအတွက် သင့်လျော်သည့် အခြေအနေများ ဖန်တီးရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

နှစ်ဖက်စလုံးကလည်း နိုင်ငံရေးဆွေးနွေးမှုများကို ပိုမိုနက်ရှိုင်းစေရန် နှင့် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန် အသင့်ရှိကြောင်း ဖော်ပြခဲ့ ကြပါတယ်။

ကရင်မလင်၏ ထုတ်ပြန်ချက်အရ အခြားနယ်ပယ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေး ခဲ့ကြပြီး နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ရန် အရေးကြီးကြောင်း အလေး ပေးခဲ့ ကြပါတယ်။

အဆိုပါ ဆွေးနွေးမှု၏ အရေးကြီးသော အကြောင်းအရာများထဲမှ တစ်ခုမှာ ဩဂုတ်လ ၉ ရက်နေ့ သဘော တူညီမှု စာချွန်လွှာ ဖြစ်ပြီး၊ ယင်းတွင် ဆီးရီးယားနိုင်ငံရှိ ဟမီမင်းမ် လေတပ်စခန်း နှင့် တာတူးစ် ရှိ ရုရှား၏ ထောက်ပံ့ပို့ဆောင်ရေး အဆောက်အအုံများ ၏ အခြေအနေကို ပြန်လည်သတ်မှတ်ရေးနှင့် ပတ်သက်သည့် အချက်များ ပါဝင်ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယခင်က အဆိုပါ သဘောတူညီမှုစာချွန်လွှာကို မော်စကိုနှင့် ဒမတ်စကတ် အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ် အဖြစ် သတ်မှတ်ခဲ့သည်။ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဆိုပါ စစ်အခြေစိုက်စခန်းနှစ်ခုနှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် မူဘောင်သတ်မှတ်ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုအတောအတွင်း ရုရှားနိုင်ငံသည် ယခုလအစောပိုင်းတွင် ဒီမီထရီ ဒိုဂါဒ်ကင် ကို ဆီးရီးယားနိုင်ငံဆိုင်ရာ ရုရှားသံ အမတ်အသစ်အဖြစ် ခန့်အပ်ခဲ့ ပါတယ်။

အဲဟ်မဒ် အရှ်ရှရအ် သည်လည်း ယခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ တွင် ဆီးရီးယားသမ္မတတာဝန် စတင်ထမ်း ဆောင်ပြီးနောက် မော်စကိုသို့ ဒုတိယအကြိမ် သွားရောက်ခဲ့ပြီး ပူတင်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် နည်းလမ်းများကို ဆွေးနွေးခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha