၁၅ နိုဝင်ဘာ ၂၀၂၆ - ၁၃:၄၄
ရုရှားတွင် ကမ္ဘာ့ပထမဆုံး လူ့ကျောရိုးအာရုံကြောမကြီး အစားထိုးကုသမှု အောင်မြင်စွာ ပြုလုပ်

ရုရှားနိုင်ငံရှိ ခွဲစိတ်ဆရာဝန်အဖွဲ့တစ်ဖွဲ့သည် ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် ဦးနှောက်သေဆုံးသွားသော အလှူရှင်တစ်ဦးထံမှ ရရှိသည့် အာရုံကြောတစ်ရှူးကို ကျောရိုးအာရုံကြောမကြီး ပြင်းထန်စွာ ထိခိုက်ထားသည့် လူနာတစ်ဦးထံသို့ အစားထိုးကုသပေးခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ABC Kabul၏ အစီရင်ခံစာ အရ  ရုရှားနိုင်ငံတွင် ခွဲစိတ်ဆရာဝန်အဖွဲ့တစ်ဖွဲ့သည် ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် လူ့ကျောရိုးအာရုံကြောမကြီး (Spinal Cord) အစားထိုးကုသမှုကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါခွဲစိတ်ကုသမှုတွင် ဦးနှောက်သေဆုံးသွားသော အလှူရှင်တစ်ဦးထံမှ ရရှိသည့် အာရုံကြောတစ်ရှူးအစိတ်အပိုင်းတစ်ခုကို လွန်ခဲ့သည့် သုံးနှစ်က ကျောရိုးအာရုံကြောမကြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လူနာတစ်ဦးထံသို့ အစားထိုးပေးခဲ့ခြင်းဖြစ်ပါတယ်။

ကနဦးသတင်းများအရ ခွဲစိတ်ဆရာဝန်များသည် အစားထိုးကုသမှုမပြုလုပ်မီ လူနာ၏ ပျက်စီးနေသော ကျောရိုးအာရုံကြောမကြီးအစိတ်အပိုင်းကို ဖယ်ရှားခဲ့ပြီးနောက် အလှူရှင်ထံမှ ရရှိသည့် အာရုံကြောတစ်ရှူးကို အစားထိုးချိတ်ဆက်ပေးခဲ့ကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha