အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Tasnim သတင်းဌာန ၏ အစီရင်ခံစာအရ ဒီမိုကရက်များက အမေရိကန်ကွန်ဂရက်၏ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ထရမ့်မိသားစုနှင့် ပင်လယ်ကွေ့နိုင်ငံများအကြား ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံမှုများကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးရန် ပြင်ဆင်နေကြပါတယ်။
စုံစမ်းစစ်ဆေးမှုတွင် အဓိကပါဝင်လာနိုင်သည့် ကိစ္စများမှာ ယူအေအီးက ထရမ့်၏ သားများနှင့် ဆက်နွှယ်သည့် World Liberty Financial ကုမ္ပဏီသို့ ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံခဲ့မှု ၊ ဆော်ဒီက ထရမ့်၏ သမက် ဂျာရက်ဒ် ကုရှ်နာ၏ ကုမ္ပဏီသို့ ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့မှုနှင့် ကာတာက ထရမ့်အား ဒေါ်လာသန်း ၄၀၀ ခန့်တန် Boeing 747-8 ဇိမ်ခံလေယာဉ်တစ်စင်း လက်ဆောင်ပေးခဲ့မှုတို့ ဖြစ်ပါတယ်။
ထို့အပြင် ဆော်ဒီနှင့် အမေရိကန်တို့၏ နျူကလီးယားစွမ်းအင်ဆိုင်ရာ သဘောတူညီချက်များနှင့် ကာတာသို့ ဒေါ်လာ ၁.၉ ဘီလီယံတန် လက်နက်ရောင်းချရေးကိစ္စများကိုလည်း စိစစ်သွားဖွယ်ရှိပါတယ်။
ဒီမိုကရက်များသည် အဆိုပါနိုင်ငံများနှင့် ထရမ့်မိသားစုအကြား ဆက်သွယ်ထားသော လျှို့ဝှက်စာပေးစာယူများကိုပါ စစ်ဆေးရန် ရည်ရွယ်ထားပြီး စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက အမေရိကန်နှင့် ဆက်ဆံရေး ထိခိုက်နိုင်ကြောင်း သတိပေးထားပါတယ်။
ထို့ပြင် ဆူဒန်စစ်ပွဲ၊ ယီမင်စစ်ရေးအခြေအနေနှင့် ယူအေအီး၏ လက်နက်ကိုင်အဖွဲ့များအပေါ် ထောက်ပံ့မှုဆိုင်ရာ စွပ်စွဲချက်များကြောင့်လည်း ပင်လယ်ကွေ့နိုင်ငံများနှင့် ဒီမိုကရက်များအကြား တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်ကြောင်း သတင်းတွင် ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment