၉ ဒီဇင်ဘာ ၂၀၂၅ - ၀၀:၀၂
အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ရန် ကြိုးပမ်းမှုတိုင်းသည် လက်ခံနိုင်စရာမရှိကြောင်း အကြီးတန်း ရုရှား အထက်လွှတ်တော်အမတ်များ ပြောကြား

ရုရှားအထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ကွန်စတန်တိန်ကစာချေဖ် နှင့် နိုင်ငံတကာရေးရာကော်မတီဥက္ကဋ္ဌ ဂရီ ဂေါ့ရီ ကရာစင်န် တို့က အနောက်နိုင်ငံများ၊ အထူးသဖြင့် ဥရောပ Troika မှ အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည် ချမှတ်ရန် ကြိုးပမ်းမှုတိုင်းသည် အချည်းနှီးဖြစ်ပြီး တရားမဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန ၏ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် နေ့  တနင်္လာနေ့တွင် အီရန်ပါလီမန်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ အီဗရာဟင်းမ် အဇီဇီ၊ မော်စကိုဆိုင်ရာ အီရန်သံအမတ်ကြီး ကာဇင်းမ် ဂျလာလီ နှင့် အီရန်နှင့် ရုရှား ပါလီမန်ချစ်ကြည်ရေးအဖွဲ့မှ အဖွဲ့ဝင် ဖရ်ရှာဒ် အီဗရာ ဟင်းမ်ပူးရ်  နူနူးရ် အဗါဒ် ဒီ တို့နှင့် တွေ့ဆုံစဉ် ရုရှားအထက်လွှတ်တော်အမတ်ကြီးများက ယင်း မှတ်ချက်များ ကို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ရုရှားပါလီမန်၏ ရုရှားအထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ကွန်စတန်တိန်ကစာချေဖ် က တီဟီရန်နှင့် မော်စကို အကြား ဘက်စုံမဟာဗျူဟာမြောက် သဘောတူညီချက် အကောင်အထည်ဖော်မှုကို ဖော်ပြခဲ့ပြီး ယနေ့တွင် တီဟီရန်နှင့် မော်စကိုအကြား နှစ်နိုင်ငံဆက်ဆံရေးသည် အမြင့်ဆုံးအဆင့်တွင် ရှိနေကြောင်း ပြောကြားခဲ့သည်။

ရုရှားအထက်လွှတ်တော်အမတ်ကြီးသည် အနောက်နိုင်ငံများ၏ အီရန်အပေါ် ရန်လိုသောလုပ်ရပ်များကို ရှုတ်ချခဲ့ပြီး "ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၂၃၁ အရ အီရန်၏နျူကလီးယား အစီအစဉ်နှင့် သက်ဆိုင်သည့် ပိတ်ဆို့မှုများသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

"အီရန်အပေါ် ရုပ်သိမ်းလိုက်တဲ့ ပိတ်ဆို့မှုတွေကို ပြန်လည်ချမှတ်ဖို့ ဥရောပနိုင်ငံတွေရဲ့ ကြိုးပမ်းမှုတိုင်းကို လက်မခံနိုင်ပါဘူး" ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha