အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Farsnews သတင်းဌာန ၏ အစီရင်ခံစာ အရ အမေရိကန် ဒုတိယသမ္မတ ဂျေးဒီ ဗန်စ် က ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် Fox News နှင့် အင်တာဗျူးတစ်ခုတွင် ဒေသတွင်းရှိ ဝါရှင်တန်၏ မဟာမိတ်များကို အီရန်၏ ပစ်မှတ်ထား နိုင်စွမ်း ကို ကျွန်ုပ်တို့ သတိထားရမည်ဟု သတိပေးကြားခဲ့ပါတယ်။
မကြာသေးမီရက်သတ္တပတ်များအတွင်း အနောက်အာရှဒေသတွင် အမေရိကန်စစ်ရေးတည်ရှိမှု တိုးလာပြီးနောက် အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံမှ အရာရှိများက အီရန်အပေါ် မည်သည့်ကျူးကျော်မှုမဆို (ကန့်သတ်ထား သည့်တိုင်) အီရန်မှ ကျယ်ပြန့်သော ဒေသတွင်းတုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ဟု သတိပေးခဲ့ပြီး ဒေသတွင်းရှိ အမေရိကန် မဟာမိတ်များကို စိုးရိမ်စေသည့် သတိပေးချက်တစ်ခုဖြစ်ခဲ့ပါတယ်။
၎င်း၏ အင်တာဗျူးတွင် ဂျေးဒီ ဗန်စ် က အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ နှင့် အမေရိကန် ညှိနှိုင်းရေးမှူးများဖြစ်သော စတီးဗ် ဝီတကာ(ရ်) နှင့် ဂျာရက် ကုရှနာ(ရ်) အကြား ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ကြာသပတေးနေ့ တွင် ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသည့် ဆွေးနွေးပွဲများကို ရည်ညွှန်း၍ လာမည့်ဆွေးနွေးပွဲများသည် ကျိုးကြောင်းဆီလျော်သော ဖြေရှင်းချက်တစ်ခုရရှိရန် ကြိုးပမ်းမှုတစ်ခုဖြစ်ပြီး သဘောတူညီချက်တစ်ခု ရရှိနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment