အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီဗရာဟီးမ်အဒ်ဟမ် (ကျော်ကြားသော ရသေ့တစ်ပါး နှင့် ယခင်ဘုရင်တစ်ပါး) သည် ဘုရင် ဘဝ မှ ထွက်ခွာပြီး မက္ကဟ်မြို့အနီးအနား သို့ အွမ်ရဟ် နှင့် ဟဂ်ျအတွက် ရောက်ရှိလာခဲ့ပါတယ်။ ထို့နောက် သူသည် ထင်းများကို စုဆောင်းပြီး ရောင်းချပါတယ်။
ဈေးတွင် သူ၏ဆောင်ပုဒ်မှာ -
« مَن یَشْتَری الطَّیِّبَ بِالطَّیِّبِ؟ » ဖြစ်ပါတယ်။
ဆိုလိုသည်မှာ - « ကျွန်ုပ်၏သန့်ရှင်းသည့်သစ်သား (ဟလာလ်သစ်သား) ကို ဟလာလ် ပစည်း (ဟလာလ်ငွေ) ဖြင့် မည်သူဝယ်ယူမည်နည်း ? »
အမှန်တရားမှာ ကျွန်ုပ်တို့၏ပြဿနာများ၏ အဓိကအကြောင်းရင်းမှာ « ဟလာလ် ပစ္စည်း (ဟလာလ်ငွေ ၊ ဟလာလ်အစားအစာ ) နည်းပါးခြင်း ၊ရှားပါးလာခြင်း » ကြောင့် ဖြစ်ပါတယ်။
ဤသံသယဖြစ်ဖွယ် နှင့် ရောထွေးနေသော ပစည်းများ၊ငွေများ သည် မည်သူ့ကိုမျှ အလ္လာဟ်ဟို အရှင်မြတ် ကို သိကျွမ်းသူ ဖြစ်အောင်မပြုပေးနိုင်ချေ။
ကျွန်ုပ်တို့ နမာဇ် ဝတ်ပြု သော်လည်း ၎င်း၏ အရသာ ကို မခံစားနိုင်ကြပေ။ အများဆုံးအားဖြင့် အဇါးဗ်( ပြစ်ဒဏ်) မှ ရှောင်ရှားနိုင်ရန်သာ ဖြစ်သည်ဟု ပြောနိုင်ပါတယ်။
ပန်းသီးတစ်လုံး၊ သစ်သီးတစ်လုံး သို့မဟုတ် စွန်ပလွံသီးတစ်လုံး လောက်ပင် ကျွန်ုပ်တို့သည် နမာဇ် ဝတ်ပြုခြင်း ၏ အရသာ ကို မခံစားနိုင်ကြပေ။ ဤအရာ၏ လျှို့ဝှက်ချက်မှာ ဟလာလ်ပစည်း၊ဟလာလ်ငွေ ရှားပါးလာ ခြင်း ပင်ဖြစ်ပါတယ်။
ကျမ်းကိုးများ
၁။သဖ်စီးရ် မောင်ဇူအီ ကုရ်အာန် ကရီးမ် - ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ်ဒီ အာမိုလီ ၊ အတွဲ ၁၅ ၂။ဟယာသ်သေဟကီကီယေအန်စာန် ဒဲရ် ကုရ်အာန် (ကုရ်အာန်ကျမ်းတော်မြတ်မှ စစ်မှန်သောလူသားတို့၏ဘဝ) ၊ စာမျက်နှာ ၁၆၆ ၊ ထုတ်ဝေသူ- ကွမ်း ၊ အီရန် သက္ကရာဇ် ၁၃၇၈ ခုနှစ်
မူရင်းတင်ပြသူ - လေယာကသ် အိုင်ယူဗ် (لیاقت ایوب)
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment