အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawzahnews၏အစီရင်ခံစာအရ သာသနာ့ ရွှေမြို့တော် ကွမ်းမြို့ရှိ ဂျအ်မေအ်အေဟ်မိုဒရေစင်းန်၏ အကြီးအကဲ နှင့် မဂျ်လစ်စေခေဘ်ရေဂန်နေရဲဟ်ဗရီ ၏ ဒုဥက္ကဋ္ဌ အာယာ သွလ္လာဟ် ဆယက်ဒ် ဟာရှင်မ် ဟိုစိုင်းန်နီ ဘူရှဲဟ်ရီ သည် အကျော်အမော် မရ်ဂျအ်များ မှ တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဗ်ဟာနီ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဤအစည်းအဝေး၏ အစတွင် ဆယက်ဒ် ဟာရှင်မ် ဟိုစိုင်းန်နီ ဘူရှဲဟ်ရီ သည် ဂျအ်မေအ် အေဟ်မိုဒရေစင်းန် ၏ အစီအစဉ်များ နှင့် လုပ်ဆောင်ချက်များအကြောင်း အစီရင်ခံစာတစ်စောင် တင်ပြခဲ့ပါတယ်။ သာသနာ့ ရွှေမြို့တော် ကွမ်းမြို့ရှိ ဂျအ်မေအ်အေဟ်မိုဒရေစင်းန် အကြီးအကဲ၏ အစီရင်ခံစာကို နားထောင်ပြီးနောက် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဗ်ဟာနီ သည် လမ်းညွှန်ချက်များနှင့် အကြံပြုချက်များ ကိုမိန့်ကြားခဲ့ပါတယ်။
အာလင်မ်အစစ်အမှန်များသည်မိမိထက်ပညာကြီးသည့်ပညာမြင့်သည့် ဝါရင့်သည် အခြားအာလင်မ်များကို မည်မျှ ရိုသေလေးစား တန်ဖိုးထားကြောင်း ပုံတွင် တွေ့မြင်နိုင်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment