အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ သက္က်ဖီးရီ အကြမ်းဖက်အဖွဲ့အစည်း ISIS သည် ဆီးရီးယားနိုင်ငံရှိ ဟဇရသ် ဇိုင်နဗ် (စ.အ) ရောင်ဇာတော် ၏ ရှေ့ဆောင် ဆရာ နှင့် ဆီးရီးယားနိုင်ငံရှိ ရှီအဟ် အိုလမာ ကောင်စီဝင် တစ်ဦးဖြစ်သူ ဟွတ်ဂျ် ဂျသိုလ် အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ဖရ်ဟာန် ဟစန် အလ်မန်ဆူရ် အား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း တာဝန်ယူ ဝင်ခံခဲ့ပါတယ်။
အစီရင်ခံစာအရ ဟွတ်ဂျ် ဂျသိုလ် အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ဖရ်ဟာန် ဟစန် အလ်မန်ဆူရ် သည် ပြီးခဲ့သည့်အပတ်က ဒမတ်စကတ်မြို့ ဆယက်ဒ်ဒဟ် ဇိုင်နဗ် (စ.အ) ဧရိယာတွင် ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး နောက်ပိုင်းတွင် ၎င်းဒဏ်ရာများကြောင့် ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။
ISIS အဖွဲ့က ဆယက်ဒ် ဖရ်ဟာန် ဟစန် အလ်မန်ဆူရ် ရဲ့ကားထဲမှာ လက်လုပ်ဗုံးတစ်လုံးထောင်ပြီး ဖောက်ခွဲခဲ့ တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဟွတ်ဂျ် ဂျသိုလ် အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ဖရ်ဟာန် ဟစန် အလ်မန်ဆူရ် သည် ဟဇရသ် ဇိုင်နဗ် (စ.အ) ရောင်ဇာတော် ၏ တရားဟောဆရာ နှင့် နမာဇ် ရှေ့ဆောင် ဆရာ ဖြစ်ပြီး ဆီးရီးယားရှိ ရှီအဟ် အစ္စလာမ် အိုလမာ ကောင်စီ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။
အခြားတစ်ဖက်တွင်မူ ဆီးရီးယား ဝကာဖ်ဆိုင်ရာ ဝန်ကြီးဌာနက ဤ တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး ဤလုပ်ရပ် သည် လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပြင်းထန်စွာ အန္တရာယ်ဖြစ်စေသော စက်ဆုပ်ရွံရှာ ဖွယ်ကောင်းသော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဤကဲ့သို့သော တိုက်ခိုက်မှုများသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ဆီးရီးယားပြည်သူများ၏ စည်းလုံးညီညွတ်မှုကို အားနည်းစေရန်နှင့် လူမှုရေးဖွဲ့စည်းပုံကို မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ကြောင်း ဝကာဖ် ဆိုင်ရာ ဝန်ကြီးဌာနက မိမိ ၏ကြေညာချက်တွင် ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment