အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمؤمنين علیه السلام:
اِستَنزِلوا الرِّزقَ بِالصَّدَقَةِ.
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ဆဒ်ကဟ်ပေးခြင်း ဖြင့် ရိုဇီ (စားဝတ်နေရေး) ကို ဖိတ်ခေါ်ပါလေ။ »
ကျမ်းကိုး ။ ။ နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း ၊ ဟေက်မသ် အမှတ်တော် ၁၃၇
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် ဆဒ်ကဟ် သည် ကုသိုလ်တစ်ခုသာ မဟုတ်ဘဲရိုဇီ (အသက်မွေးဝမ်းကြောင်း၊ လာဘ်လာဘ၊ စားဝတ်နေရေး) ကိုပါ ဆွဲဆောင် ပေးနိုင်ကြောင်း သိရမှာ ဖြစ်ပါတယ်။ ပေးကမ်းခြင်းက မလျော့နည်းစေဘဲ တိုးပွားစေတတ် သော အကျိုးရှိတဲ့ လုပ်ရပ် ဖြစ်ပါ တယ်။ အခြား သူကို ကူညီခြင်းက အလ္လာဟ်ဟို အရှင်မြတ် သခင်၏ ကရုဏာ၊ ကောင်းချီးမင်္ဂလာ ကို ရရှိစေပြီး စိတ်ချမ်းသာမှုနဲ့ ရိုဇီတိုးပွားမှုအတွက် အကြောင်းဖြစ်နိုင်တယ်။
****************************************************************
END / 251
Your Comment