၂၁ မေ ၂၀၂၆ - ၂၃:၅၄
သူတစ်ပါးကို ဝေဖန်ခြင်းမပြုမီ မိမိအမှားများကို စဉ်းစားရန်

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် သူတစ်ပါးကို ဝေဖန် ခြင်းမပြုမီ မိမိအမှားများကို စဉ်းစားရန် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂိုရရိုလ်ဟေကမ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါ အတိုင်း အရဘီ စာသား လာရှိပါတယ်။

قال امیرالمؤمنين علیه السلام:

مَنْ أَبْصـَرَ زَلَّتـَهُ صَغُرَتُ عِنْدَهُ زَلَّةُ غـَيْرِهِ

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«   အကြင်မည်သူမဆို မိမိ၏အမှားများကို ကြည့်ရှုပါက သူတစ်ပါး၏အမှားများသည် သေးငယ်သည်ဟု မြင်ရ ပေမည်။ »

ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ကျမ်း ၊ အတွဲ ၅ ၊ စာမျက်နှာ ၃၆၂

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် လူတစ်ယောက်ဟာ ကိုယ့်အမှားတွေကို အမြဲ ပြန်စဉ်းစားပြီး ကိုယ့်ကိုယ်ကို စိစစ်နေတတ်ရင်၊ သူတစ်ပါးရဲ့ အမှားတွေကို အလွန်အကျွံ မပြစ်တင်တော့ဘူးဆိုတာဖြစ်ပါတယ်။ အကြောင်းကတော့ ကိုယ့်မှာလည်း အမှားတွေရှိနေတယ်ဆိုတာ သိနေတဲ့ အတွက် အခြားသူတွေကို နားလည်သဘောထားပြီး ခွင့်လွှတ်တတ်လာမှာဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha