အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الحسن المجتبی علیه:
إذا سَمِعتَ أحَدا یَتَناوَلُ أعراضَ النّاسِ فَاجتَهِد أن لا یَعرِفَک.
အေမာမ် ဟစန် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« တစ်စုံတစ်ယောက်က လူတွေကို အရှက်ခွဲ၊သိက္ခာချ နေတယ်လို့ ကြားရတိုင်း သင့်ကို မမှတ်မိအောင် ကြိုးစား ပါ။ (ဆိုလိုသည်မှာ အဲဒီလိုလူနဲ့ ဝေးဝေးနေပါ ဟု ဖြစ်ပါသည်။) »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၄ ၊ စာမျက်နှာ ၁၉၈
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် အရှက်ခွဲခြင်း၊ သိက္ခာချခြင်း ကို မကူညီနဲ့၊ မပျံ့နှံ့စေနဲ့ဟုဆိုလိုတာဖြစ်ပါတယ် လူတွေကို အရှက်ခွဲ၊ သိက္ခာချပြီး အပြစ်တွေကို ပျံ့နှံ့စေသူနဲ့ မပေါင်းသင်းဖို့ သတိပေးထားတာ ဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ အပြစ်တွေကို အများသိအောင် ပြောခြင်းဟာ ရည်ရွယ်ချက်နဲ့ နည်းလမ်းပေါ် မူတည်ပြီး တချို့ အခြေအနေမှာ အရှက်ခွဲခြင်းဖြစ်နိုင်သလို၊ လူမှုလုံခြုံရေးအတွက် လိုအပ်လျှင်တော့ သတိပေးခြင်းအဖြစ်လည်း ဖြစ်နိုင်ပါတယ်။ အများသိအောင် လုပ်ခြင်းဟာ အမြဲတမ်း အရှက်ခွဲခြင်း မဟုတ်ပါ။ဒါပေမယ့် လူကို ဖျက်ဆီးဖို့ ၊ အရှက်ရစေဖို့ ၊ မဟုတ်မမှန် ပြောဖို့ လုပ်ရင်တော့ အရှက်ခွဲခြင်း သို့မဟုတ် သိက္ခာချခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဟဒီးစ်တော် အတိုင်း နေနိုင်ဖို့ လိုက်နာသင့်တဲ့ စည်းကမ်းချက်များရှိပါတယ်။
၁။အမှန်တရားကို အတိအကျ စစ်ဆေးပါ။
၂။ရည်ရွယ်ချက်ကို ကြည့်ပါ ။ကာကွယ်ရေးလား?ဖျက်ဆီးရေးလား?
၃။လိုအပ်သလောက်သာ ပြောပါ။
၄။ သက်ဆိုင်ရာနေရာ ၊ မိသားစု၊ လူမှုမီဒီယာ၊ အာဏာပိုင်ကို သေချာရွေးပါ။
၅။အရှက်ခွဲမယ့် သိက္ခာချစေမဲ့ စကားလုံးများကို မသုံးမည့်အောင် ရှောင်ကြဥ်ပါ။
****************************************************************
END / 251
Your Comment