အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစ်က်ဗါလိုလ်အအ်မါလ်ကျမ်းမှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
وَأَطْعِمْ إِخْوَانَكَ… مَنْ أَطْعَمَ مُؤْمِنًا كَانَ كَمَنْ أَطْعَمَ جَمِیعَ أَنْبِیَاءِ اللهِ وَالصِّدِّیقِینَ.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« (ဂဒီးရ်နေ့တွင်) သင်၏ (မိုအ်မင်) ညီအစ်ကိုများအား အစားအစာ ကျွေးမွေးလော့။ အကြောင်းမှာ ထိုနေ့၌ မိုအ်မင်တစ်ဦးကို ကျွေးမွေးသူသည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (နဗီ) အပေါင်းနှင့် သစ္စာဝတ်ပြုသူ (ဆွစ်ဒစ်ကီးန်) အားလုံးကို ကျွေးမွေးလိုက်သကဲ့သို့ပင် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ အစ်က်ဗါလိုလ်အအ်မါလ်ကျမ်း ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၆၅
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ယုံကြည်သူ (မိုအ်မင်) အချင်းချင်း အစားအသောက် ကျွေးမွေး လှူဒါန်းခြင်း (ဝါဖြေပေးခြင်း သို့မဟုတ် နဇ်ရ်ကျွေးခြင်း) သည် အလွန်ကြီးမားသော ကုသိုလ်ထူးကို ရရှိစေကြောင်း သိရှိရပါတယ်။
နှိုင်းယှဉ်ချက် - မိုအ်မင်တစ်ဦးကို ကျွေးမွေးခြင်းသည် သာမန်အချိန်တွင် ကုသိုလ်ရသော်လည်း၊ ဤနေ့ထူး နေ့မြတ် (အီးဒ်ဒေဂဒီးရ်နေ့ ) တွင် ကျွေးမွေးခြင်းသည် အလ္လာဟ်အရှင်မြတ်၏ စေတမန်တော်များ (နဗီ တမန် တော်များ (အ.စ) ) အားလုံးကို ကျွေးမွေးရသကဲ့သို့ ကုသိုလ်အဆင့်အတန်း မြင့်မားကြောင်း အေမာမ်က မိန့်ကြား ထားခြင်း ဖြစ်ပါတယ်။
ရည်ရွယ်ချက် - ဤသည်မှာ လူမှုအသိုင်းအဝိုင်းအတွင်း ချစ်ကြည်ရင်းနှီးမှု တိုးပွားစေရန်နှင့် အီးဒ်ဒေ ဂဒီးရ် နေ့ထူးနေ့မြတ်၏ ပျော်ရွှင်မှုကို အတူတကွ မျှဝေခံစားစေရန် တိုက်တွန်းခြင်း ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment