အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawzahnews၏အစီရင်ခံစာ အရ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး သည် "ဇီယွန်ဝါဒီဂျူးတစ်ဦးကို စလာမ် ပေးနိုင်ပါသလား " နှင့်ပတ်သက်သည့် မေးခွန်း ကိုဖြေကြားပေးခဲ့ ပါတယ်။ ၎င်းကို အောက်တွင် စာဖတ်သူများထံ တင်ပြထားပါတယ်။
မေးခွန်း- ဇီယွန်ဝါဒီဂျူးတစ်ဦးကို စလာမ် ပေးလို့ ရပါသလား? (ရှရီအီ ) အမိန့် မည်သို့လာရှိပါသနည်း?
အဖြေ- ခွင့်မပြုပါ။ (မပိုင်ပါ။ ပေး၍မရပါ။)
အကြံပြုချက် - ကျမ်းတော်မြတ် ကုရ်အာန်တွင် မွတ်စလင်မ်များ (ရှီအဟ်နှင့် စွန်နီ) အနေဖြင့် အငြင်းပွားမှု၊ ပြဿနာ သို့မဟုတ် အဆုံးအဖြတ် လိုအပ်သော ကိစ္စရပ်များတွင် အလ္လာဟ်နှင့် ရစူလ် (ဆွ) ထံ ပြန်လည်တင်ပြ၍ အဆုံးအဖြတ် ခံယူရန် မိန့်ကြားထားသည်။ ထိုအမိန့်တော်ကို စူရဟ် အန်-နိစာ အာယသ်တော် အမှတ် (၅၉) တွင် တွေ့ရှိနိုင်ပါတယ်။ သို့ဖြစ်ရာ ယနေ့ခေတ်တွင် အလ္လာဟ်နှင့် ရစူလ် (ဆွ) ထံ တိုက်ရိုက် တင်ပြ၍ အဆုံးအဖြတ် ခံယူရန် မဖြစ်နိုင်တော့သဖြင့်၊ ကုရ်အာန်နှင့် စွန္နဟ်၏ အဓိပ္ပာယ်များကို အနက်ရှိုင်းဆုံး နားလည်သဘောပေါက်ပြီး အစ္စလာမ့်ဥပဒေများကို ထုတ်ယူနိုင်စွမ်းရှိသော မရ်ဂျအ် တစ်ပါးပါးထံ တင်ပြကာ ၎င်း၏ အဆုံးအဖြတ်နှင့် လမ်းညွှန်ချက်များကို လိုက်နာရပါမည်။ မှတ်ချက်အနေဖြင့် “မရ်ဂျအ် ထံ တင်ပြရမည် ဖြစ်ပါတယ်” ဆိုသည့် အပိုင်းသည် ရှီအဟ် အေမာမ်မီယဟ် ၏ ဖေက်အီ အမြင်ကို ဖော်ပြထားခြင်းဖြစ်ပြီး၊ စွန်နီဘက်တွင်မူ “ယုံကြည်စိတ်ချရသော အာလင်မ်များနှင့် ဖေကဟ် ပညာရှင်များထံ မေးမြန်းရမည်” ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment