၁၇ ဇွန် ၂၀၂၆ - ၂၃:၅၄
လူတို့၏ ဂုဏ်သိက္ခာကို လေးစားခြင်း

အေမာမ် ရေဇာ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု လူတို့၏ ဂုဏ်သိက္ခာကို လေးစားခြင်း နှင့် ပတ်သက် ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အိုယွန်းနိုအက်ခ်ဗါရိုရ်ရေဇာကျမ်း  မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الرضا علیه السلام:

مَنْ لَقِیَ فَقِیراً مُسْلِماً فَسَلَّمَ عَلَیْهِ خِلَافَ سَلَامِهِ عَلَی الْأَغْنِیَاءِ لَقِیَ اللَّهَ عَزَّوَجَلَّ یَوْمَ الْقِیَامَةِ وَهُوَ عَلَیْهِ غَضْبَانُ.

အေမာမ် ရေဇာ (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  အကြင်မည်သူမဆို ဆင်းရဲသော မွတ်စလင်မ် တစ်ဦးနှင့် တွေ့သောအခါ၊ ချမ်းသာသူများအား စလာမ် ပေး သကဲ့သို့ မဟုတ်ဘဲ (ကွဲပြားစွာ စလာမ်‌ ပေးမည်ဆို ပါက)  ထိုသူသည် ကေယာမသ် နေ့တွင် အလ္လာဟ်ဟို အရှင်မြတ် ၏ ရှေ့တော်မှောက်ရောက်သည့် အခါ အရှင်မြတ်၏ အမျက်တော်ကို ခံရလိမ့်မည်»

ကျမ်းကိုး ။ ။ အိုယွန်းနိုအက်ခ်ဗါရိုရ်ရေဇာကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၅၇

ရှင်းလင်းချက် အကျဥ်း   -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် လူတစ်ဦး၏ ချမ်းသာမှု၊ ဆင်းရဲမှုကို အခြေခံ၍ အရိုအသေ၊ လေးစားမှုနှင့် ဆက်ဆံပုံများတွင် ခွဲခြားမှု မပြုသင့်ကြောင်း သင်ကြားပေးထား ပါတယ်။ လူအားလုံးကို တန်းတူ ဂုဏ်ပြုလေးစားစွာ ဆက်ဆံရန် အရေးကြီးကြောင်း ဖော်ပြထားပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha