အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆဝါဗ် ဗိုလ်အအ်မါလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
مَنْ جَدَّدَ وُضُوءَهُ لِغَيْرِ صَلَاةٍ جَدَّدَ اللَّهُ تَوْبَتَهُ مِنْ غَيْرِ اسْتِغْفَارٍ.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အကြင်သူသည် နမာဇ် (ဆွလာသ်) အတွက်မဟုတ်ဘဲ ဝဇူ ကို ထပ်မံအသစ် ပြုလုပ် မည်ဆို လျှင်၊ အလ္လာဟ်အရှင်မြတ် သည် ထိုသူ၏ အပြစ်များကို အစ်သစ်ဂ်ဖါရ် (အလ္လာဟ်ထံ အပြစ်လွတ်ခွင့်တောင်းခြင်း) မပြုလုပ်ရသေးသော်လည်း ခွင့်လွှတ်တော်မူတော်မူပေမည်။»
ကျမ်းကိုး ။ ။ ဆဝါဗ် ဗိုလ်အအ်မါလ် ကျမ်း၊ စာမျက်နှာ ၁၄၄
မှတ်ချက် - ဤဟဒီးသ်တွင်လာရှိသည့် သဂျ်ဒီးဒ်ဒိုလ်ဝဇူ (تجديد الوضوء) ဆိုသည်မှာ ဝဇူ မပျက်သေးသော်လည်း အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုနှင့် ကုသိုလ်ရရှိရန် ရည်ရွယ်၍ ဝဇူကို အသစ် ထပ်မံပြုလုပ်ခြင်း ဖြစ်ပါ တယ်။ ဤဟဒီးသ်အရ ထိုသို့ ဝဇူ ကို အသစ်ပြန်လုပ်ခြင်းသည် အလွန်မွန်မြတ်သော အမလ်တစ်ခုဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်သည် အပြစ်များကို အစ်သစ်ဂ်ဖါရ် မပြုလုပ်သေးသော်လည်း ခွင့်လွှတ်တော်မူကြောင်း ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment