၁၉ ဩဂုတ် ၂၀၂၆ - ၀၉:၂၈
ဒေသတွင်း အကျပ်အတည်း၏ တစ်ခုတည်းသော ဖြေရှင်းနည်းမှာ အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးပွဲစားပွဲသို့ ပြန်လည် ရောက်ရှိခြင်းဖြစ်သည်ဟု ကာတာပြော

ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျစ်ဒ် အယ်လ်အန်ဆာရီ က ဒိုဟာ၏ ကြိုးပမ်းမှုများ သည် တင်းမာမှုများ ပိုမိုမြင့်တက်လာခြင်းကို တားဆီးရန် ၊ ဟော်မုဇ်ရေလက်ကြား ကို ပြန်လည်ဖွင့်လှစ်ရန်၊ အပစ် အခတ်ရပ်စဲရန်နှင့် အကျပ်အတည်းတွင် ပါဝင်နေသည့် နှစ်ဖက်အဖွဲ့များကို ဆွေးနွေးပွဲစားပွဲသို့ ပြန်လည် ရောက်ရှိ စေရန် အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျစ်ဒ် အယ်လ်အန်ဆာရီက ဒေသတွင်း ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်း မှာ အပစ်အခတ်ရပ်စဲခြင်း၊ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ခြင်းနှင့် ဆွေးနွေးပွဲစားပွဲသို့ ပြန်လည် ဝင်ရောက်ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အသေးစိတ်အားဖြင့် မာဂျစ်ဒ် အယ်လ်အန်ဆာရီက မတ်လ ၁၉ ရက်နေ့တွင် ကာတာနိုင်ငံ၏ လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့သည့် ပိုင်းလော့ ၂ ဦးအနက် တစ်ဦး၏ ရုပ်အလောင်းအကြွင်းအကျန်များကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ကာတာဘက်က အဆိုပါ ပိုင်းလော့၏ ရုပ်အလောင်း အကြွင်း အကျန်များကို အီရန်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။

ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကာတာအနေဖြင့် မိမိနိုင်ငံ၊ ပြည်သူများနှင့် အချုပ် အခြာအာဏာကို ကာကွယ်ရာတွင် မည်သည့် တုံ့ဆိုင်းမှုမျှ ပြသမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ သို့သော် လက်ရှိအခြေအနေတွင် သံတမန်ရေးနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ခြင်းကို ဦးစားပေး ထား ကြောင်း ဆိုပါတယ်။

အယ်လ်အန်ဆာရီက ကာတာ၏ ရှာဖွေရေးလုပ်ငန်းစဉ် နည်းလမ်းများကို ပြန်လည်သုံးသပ်ရန် နည်းပညာ ကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့ စေလွှတ်ပေးရန် ကာတာ၏ တောင်းဆိုချက်ကို အီရန်ဘက်က တုံ့ပြန်ခြင်း မရှိသေးကြောင်းပြောဆိုခဲ့ပါတယ်။  ၎င်း၏အဆိုအရ အီရန်ဘက်က ပိုင်းလော့တစ်ဦး၏ ဈာပနအခမ်းအနားကို ပြုလုပ်ခဲ့ပြီး ကာတာဘက်မှ အီရန်နည်းပညာအဖွဲ့ကို စေလွှတ်ရန် ဖိတ်ကြားချက်မှာ ယခုတိုင် ဆက်လက်ရှိ နေဆဲဖြစ်ပါတယ်။

မာဂျစ်ဒ် အယ်လ်အန်ဆာရီက လက်ရှိအချိန်တွင် ကာတာ၏ ကြိုးပမ်းမှုအားလုံးသည် တင်းမာမှုများ ပိုမိုမြင့် တက်လာခြင်းကို တားဆီးရန်နှင့် အကျပ်အတည်းတွင် ပါဝင်နေသည့် နှစ်ဖက်အဖွဲ့များကို ဆွေးနွေးပွဲစားပွဲသို့ ပြန်လည်ခေါ်ဆောင်လာရန် အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ကာတာအနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီချက်နှင့်အတူ အပစ် အခတ်ရပ်စဲမှုကိုလည်း တစ်ပြိုင်နက် အကောင်အထည်ဖော်စေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

ရှေ့ဆက်သွားရန် တစ်ခုတည်းသော နည်းလမ်းမှာ အပစ်အခတ်ရပ်စဲခြင်း၊ ဟော်မုဇ်ရေလက်ကြားကို ပြန်လည် ဖွင့်လှစ်ခြင်းနှင့် ဆွေးနွေးပွဲစားပွဲသို့ ပြန်လည်ဝင်ရောက်ခြင်းပင် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha