၇ စက်တင်ဘာ ၂၀၂၆ - ၁၀:၀၄
စမ်းသပ်မှုနှင့် လမ်းမှားမှုဖြစ်စေနိုင်သော ဥစ္စာဓနမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံရန်

အေမာမ် မူစာကာဇင်းမ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု စမ်းသပ်မှုနှင့် လမ်းမှားမှုဖြစ်စေနိုင်သော ဥစ္စာဓနမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံရန် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မစ်ဆ်ဘာဟုလ် မုသဟဂျ်ဂျစ်ဒ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام موسى الكاظم (عليه السلام):

اللَّهُمَّ إِنِّی أَعُوذُ بِکَ مِنْ مَالٍ یَکُونُ عَلَیَّ فِتْنَةً.

အေမာမ် မူစာကာဇင်းမ်   (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  အို အလ္လာဟ်အရှင်မြတ်သခင်  ၊ ကျွန်ုပ်အတွက် သွေးဆောင်မှုနှင့် စမ်းသပ်မှု၏ အရင်းအမြစ်ဖြစ်လာသည့် ချမ်းသာ ကြွယ်ဝ မှု မှ အရှင်အား ခိုလှုံပါ၏။ »

ကျမ်းကိုး ။ ။ မစ်ဆ်ဘာဟုလ် မုသဟဂျ်ဂျစ်ဒ် ကျမ်း ၊ အတွဲ ၇၅ ၊ စာမျက်နှာ ၄၁၄

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ဟဒီးစ်တော်၏ အဓိကအဓိပ္ပါယ်မှာ ဥစ္စာဓန သည် မကောင်းသောအရာမဟုတ်သော်လည်း ၎င်းကို မမှန်ကန်စွာ အသုံးပြုခြင်း၊ ဥစ္စာပိုင်ဆိုင်မှုအပေါ် အလွန်အမင်း တွယ်တာခြင်းတို့ကြောင့် လူတစ်ဦး၏ ယုံကြည်မှုနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သဖြင့် အလ္လာဟ်အရှင်မြတ်ထံမှ ထိုသို့သော စမ်းသပ်မှုများမှ ခိုလှုံရန် သတိပေးထားခြင်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha