အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မစ်ဆ်ဘာဟုလ် မုသဟဂျ်ဂျစ်ဒ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام موسى الكاظم (عليه السلام):
اللَّهُمَّ إِنِّی أَعُوذُ بِکَ مِنْ مَالٍ یَکُونُ عَلَیَّ فِتْنَةً.
အေမာမ် မူစာကာဇင်းမ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အို အလ္လာဟ်အရှင်မြတ်သခင် ၊ ကျွန်ုပ်အတွက် သွေးဆောင်မှုနှင့် စမ်းသပ်မှု၏ အရင်းအမြစ်ဖြစ်လာသည့် ချမ်းသာ ကြွယ်ဝ မှု မှ အရှင်အား ခိုလှုံပါ၏။ »
ကျမ်းကိုး ။ ။ မစ်ဆ်ဘာဟုလ် မုသဟဂျ်ဂျစ်ဒ် ကျမ်း ၊ အတွဲ ၇၅ ၊ စာမျက်နှာ ၄၁၄
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ဟဒီးစ်တော်၏ အဓိကအဓိပ္ပါယ်မှာ ဥစ္စာဓန သည် မကောင်းသောအရာမဟုတ်သော်လည်း ၎င်းကို မမှန်ကန်စွာ အသုံးပြုခြင်း၊ ဥစ္စာပိုင်ဆိုင်မှုအပေါ် အလွန်အမင်း တွယ်တာခြင်းတို့ကြောင့် လူတစ်ဦး၏ ယုံကြည်မှုနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သဖြင့် အလ္လာဟ်အရှင်မြတ်ထံမှ ထိုသို့သော စမ်းသပ်မှုများမှ ခိုလှုံရန် သတိပေးထားခြင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment