၅ အောက်တိုဘာ ၂၀၂၆ - ၂၃:၃၁
ပြင်သစ်နိုင်ငံတွင် ကျောင်းသားဆန္ဒပြမှုများ၊ အထက်တန်းကျောင်း ၄၀၀ မှ ၅၀၀ ပိတ်ရန် ဆုံးဖြတ်ချက်

ပြင်သစ်နိုင်ငံတွင် ကျောင်းသားများ၏ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေပြီးနောက် ပညာရေးဝန်ကြီးက နိုင်ငံတစ်ဝန်းရှိ ကျောင်းပေါင်း ၄၀၀ မှ ၅၀၀ အထိကို အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ပြင်သစ်ပညာရေးဝန်ကြီးက နိုင်ငံအတွင်း ကျောင်းသားဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေပြီး ရဲတပ်ဖွဲ့နှင့် အထက်တန်းကျောင်းသားများအကြား တစ်ပတ်ကြာ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အထက်တန်းကျောင်း ၄၀၀ မှ ၅၀၀ အထိ ဆက်လက်၍ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝ ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အဆိုပါ ပဋိပက္ခများသည် စာသင်ခန်းများ၏ အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ပျံ့နှံ့လာချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

ပြင်သစ်ပညာရေးဝန်ကြီးအက်ဒွာ ဇက်ဖရီ က အဆိုပါ မငြိမ်မသက်မှုများကြောင့် သင်ကြားရေးအတန်းများကို “အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းထားမည်” ဟု ပြောကြားခဲ့ပါတယ်။

၎င်းက ဆက်လက်၍ အဆိုပါ လှုပ်ရှားမှု စတင်ခဲ့ချိန်မှ ယနေ့အထိ လူပေါင်း အနည်းဆုံး ၅,၀၀၀ ခန့်ကို ဖမ်းဆီးထားပြီး အများစုမှာ လူငယ်များဖြစ်ကြောင်း၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများအပါအဝင် လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

တစ်ဖက်တွင်လည်း အဖွဲ့အစည်းအသီးသီးက ဆရာ၊ ဆရာမများအား သပိတ်မှောက်ရန် တိုက်တွန်းထားပါတယ်။

ပြင်သစ်နိုင်ငံရှိ ကျောင်းသားဆန္ဒပြမှုများသည် လွန်ခဲ့သော ၁၀ ရက်ခန့်က ပဲရစ်မြို့၏ ဆင်ခြေဖုံးဒေသများရှိ ကျောင်းများမှ စတင်ခဲ့ခြင်းဖြစ်ပြီး ပညာရေးအခြေအနေများ ပိုမိုကောင်းမွန်လာရေး၊ ဆရာ၊ ဆရာမများ မလုံလောက်မှုနှင့် စာသင်ခန်းများအတွင်း ကျောင်းသားအရေအတွက် များပြားလွန်းမှုတို့ကို ဆန့်ကျင်ခဲ့ကြခြင်းဖြစ်ပါတယ်။

အချိန်တိုအတွင်း ယင်းဆန္ဒပြမှုများသည် နိုင်ငံတစ်ဝန်း လှုပ်ရှားမှုကြီးတစ်ရပ်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ယခုအခါ ကျောင်းရာနှင့်ချီ ပိတ်ထားရခြင်း၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ ပါဝင်လာခြင်း၊ ရဲတပ်ဖွဲ့နှင့် အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားလာခြင်းတို့ကြောင့် ပုံစံအသစ်တစ်ရပ်အဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha