၁၁ အောက်တိုဘာ ၂၀၂၆ - ၂၃:၅၇
စူရဟ် ယာစီးန် ရွတ်ဖတ်ခြင်းမှရရှိသော ဆဝါးဗ်ကို အေမာမ် မဟ်ဒီ (အ.ဂျ) နှင့် အခြားမအ်စူမ်အေမာမ် (အ.စ)  တစ်ပါးပါး အတွက် တစ်ပြိုင်နက်တည်း ဟဒီယဟ်ပြုပေးခြင်း

အီရန် နိုင်ငံ သာသနာ့ ရွှေမြို့တော် ကွမ်း အခြေဆိုက် « ဘာသာရေးဆိုင်ရာမေးခွန်းများအတွက် ပြည်သူ့ ဖြေကြားရေးဌာန » မှ စူရဟ် ယာစီးန်ကို တစ်ကြိမ်ရွတ်ဖတ်ပြီး ရရှိသော ဆဝါးဗ်ကို အေမာမ် မဟ်ဒီ (အ.ဂျ) နှင့် အခြားမအ်စူမ် အေမာမ် (အ.စ) တစ်ပါးပါး ထံ တစ်ပြိုင်နက်တည်း ဟဒီယဟ် ပြုပေးခြင်းနှင့် ပတ်သက်သည့် မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မေးခွန်း

سلام علیکم 

စူရဟ် ယာစီးန် (سوره یاسین) ကို တစ်ကြိမ်တည်း ရွတ်ဖတ်ပြီး ရရှိသော ဆဝါးဗ် (အကျိုးကုသိုလ်) ကို အေမာမ် မဟ်ဒီ (အဂျ်ဂျလလ္လာဟု သအာလာ ဖရဂျဟုရှ် ရှရီးဖ်) ၏ အရှေ့မှောက်သို့လည်းကောင်း၊ အခြား မအ်စူမ် အေမာမ် (အ.စ) တစ်ပါးပါး ၏ အရှေ့မှောက်သို့လည်းကောင်း တစ်ပြိုင်နက်တည်း ဟဒီယဟ် အဖြစ် ပြုနိုင်ပါသလား? 

ဤသို့ပြုလုပ်ခြင်းသည် ရှရီအသ်တရားတော်အရနှင့် နမာမ် ပိုင်း ရေးရာအရ မှန်ကန်ပါသလား? 
ထို့အပြင် ဆဝါဗ်နှင့် ဝိညာဉ်ရေးရာ အကျိုးသက်ရောက်မှုများအရ အေမာမ် တစ်ပါးတည်းထံ ဟဒီယဟ် ပေးအပ်ခြင်းနှင့် အေမာမ် (အ.စ) နှစ်ပါးထံ တစ်ပြိုင်နက်တည်း ဟဒီယဟ် ပြုပေး ခြင်းတို့အကြား ကွာခြားချက် ရှိပါသလား? 

အဖြေ

ဗစ်မိဟိ သအာလာ (باسمه تعالی)

«  ဘာသာရေးဆိုင်ရာမေးခွန်းများအတွက် ပြည်သူ့ ဖြေကြားရေးဌာန » သို့ ဆက်သွယ်မေးမြန်းပေးသည့်အတွက် စလာမ် ဆက်သပြီး ကျေးဇူးတင်ရှိပါသည်။

အစ္စလာမ်ဘာသာ၏ အတွေးအခေါ်ဆိုင်ရာ နယ်ပယ်နှင့် ကိုယ်ကျင့်တရား၊ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ပြည့်စုံမြင့်မြတ်မှုတို့နှင့် သက်ဆိုင်သော အကြောင်းအရာများတွင် ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်ခြင်းအပါအဝင် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ လုပ်ရပ်များမှ ရရှိသည့် ဆဝါးဗ်ကို အလ္လာဟ်အရှင်မြတ်၏ ရွေးချယ်တော်မူခြင်းခံရသော အရှင်မြတ်၏ အထူးချစ်မြတ်နိုးရသူများ (အောင်လိယာအုလ္လာဟ်) ၏ အရှေ့မှောက်သို့ ဟဒီယဟ်ပြုပေးခြင်းသည် နှစ်သက်ဖွယ်ကောင်းသော အစဉ်အလာတစ်ရပ်ဖြစ်ပြီး ခိုင်မာသော ဘာသာရေးအခြေခံများလည်း ရှိပါသည်။

ထို့ကြောင့် စူရဟ် ယာစီးန်ကို တစ်ကြိမ်တည်း ရွတ်ဖတ်ပြီး ရရှိသော ဆဝါးဗ်ကို အေမာမ် မဟ်ဒီ (အဂျ်ဂျလလ္လာဟု သအာလာ ဖရဂျဟုရှ် ရှရီးဖ်) နှင့် အခြား မအ်စူမ် အေမာမ် တစ်ပါးပါး  (အ.စ) တို့၏ အရှေ့မှောက်သို့ တစ်ပြိုင်နက်တည်း ဟဒီယဟ်ပြုပေးခြင်းသည် ဘာသာရေးအမြင်နှင့် နာမ်ပိုင်းဆိုင်ရာ စည်းမျဉ်းများအရ လုံးဝမှန်ကန်ပြီး တားမြစ်ချက် သို့မဟုတ် အပြစ်တစ်စုံတစ်ရာ မရှိပါ။

ဤလုပ်ရပ်သည် လူတစ်ဦး၏ ရည်ရွယ်ချက် ကျယ်ပြန့်မှုနှင့် ဝေလာယသ် (ولاية) နယ်ပယ်အပေါ် ထားရှိသော ချစ်ခင်မြတ်နိုးမှု နက်ရှိုင်းမှုတို့ကို ဖော်ပြနေခြင်းဖြစ်ပါသည်။

အာခိရသ်ဘဝ၏ ဆုလာဘ်များနှင့်နာမ်ပိုင်းဆိုင်ရာ ကောင်းချီးတော်များ၏ သဘောသဘာဝကို သုံးသပ်ရာတွင် အလ္လာဟ်အရှင်မြတ်၏ ဆုလာဘ်ပေးသနားမှုစနစ်သည် ရုပ်ဝတ္ထုလောကကဲ့သို့ ကန့်သတ်ချက်များအောက်တွင် ရှိမနေကြောင်း သတိပြုရပါမည်။

အလ္လာဟ်အရှင်မြတ်၏ ဖေးမကူညီမှုနှင့် ကရုဏာတော်သည် အကန့်အသတ်မရှိပါ။ ထို့ကြောင့် ဝတ်ပြုကိုးကွယ်မှုတစ်ရပ်မှ ရရှိသည့် ဆဝါးဗ်ကို ပုဂ္ဂိုလ်အများအပြားထံ ဟဒီယဟ်ပေးအပ်သောအခါ ယင်းဆဝါးဗ်ကို အစိတ်အပိုင်းများအဖြစ် ခွဲဝေလိုက်ရသဖြင့် တစ်ဦးချင်းစီ ရရှိမည့်နာမ်ပိုင်းရေးရာ အကျိုးကျေးဇူး လျော့နည်းသွားသည်ဟု မဆိုနိုင်ပါ။

အပြန်အလှန်အားဖြင့် မိမိ၏ ရည်ရွယ်ချက် ကျယ်ပြန့်မှုနှင့် အလ္လာဟ်အရှင်မြတ်၏ အကန့်အသတ်မဲ့ ရက်ရောတော်မူမှုတို့အရ ထိုလုပ်ရပ်၏ ဆဝါးဗ်အပြည့်အဝကို ဟဒီယဟ်လက်ခံရရှိသူ တစ်ဦးချင်းစီ၏ သန့်ရှင်းမြင့်မြတ်သော အရှေ့မှောက်သို့ ရောက်ရှိစေနိုင်ပါသည်။

ရွတ်ဖတ်သူ၏ စိတ်နှလုံးနှင့် အတွင်းစိတ်အပေါ် ဖြစ်ပေါ်လာသည့်နာမ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများအရလည်း အများထံသို့ တစ်ပြိုင်နက်တည်း ဟဒီယဟ်ပေးအပ်ခြင်းသည် ကောင်းချီးတော်များကို လျော့နည်းစေခြင်း မရှိပါ။ ထို့အပြင် မိမိ၏ ရည်ရွယ်ချက်ကို သန့်ရှင်းမြင့်မြတ်သော နူရ်တော်များစွာနှင့် ချိတ်ဆက်ပေးခြင်းကြောင့် မိမိအတွင်းစိတ်၌ နာမ်ပိုင်းရေးရာ ဖေးမကူညီမှုများကို လက်ခံရရှိနိုင်သည့် စွမ်းရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ပါသည်။

မျက်မှောက်ခေတ်၏ အေမာမ် ဖြစ်တော်မူသော အေမာမ် မဟ်ဒီ (အဂျ်ဂျလလ္လာဟု သအာလာ ဖရဂျဟုရှ် ရှရီးဖ်) ၏ အမည်တော်ကို အခြား မအ်စးမ် အေမာမ် တစ်ပါး (အ.စ) ၏ အမည်တော်နှင့်အတူ ထည့်သွင်း၍ ဆဝါးဗ်ဟဒီယဟ် ပေးအပ်ခြင်းသည် အထူးကောင်းချီးတော်များနှင့် ချီးမြှင့်မှုတော်များကို ပိုမိုရရှိစေနိုင်ပြီး ဝေလာယသ်နယ်ပယ်နှင့် မိမိ၏ နှလုံးသားဆက်နွှယ်မှုကိုလည်း ပိုမိုခိုင်မာစေကာ မိမိ၏ အတွင်းစိတ်၌ နူရ်တော် ပိုမိုတောက်ပလာစေနိုင်ပါသည်။

အောင်မြင်မှုများ ရရှိပါစေ။


++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha