အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကြီးမားသည့် စာအုပ် တစ်အုပ်ဖြစ်ပါတယ်။ စာအုပ်နာမည်က تاريخ الخلفاء (သမိုင်းဝင် ခလီဖာများ) ဖြစ်ပါတယ်။ အဲဒီစာအုပ်ဟာ ရှီအဟ် စာအုပ်မဟုတ်ပါဘူး။ အဲဒီထဲမှာ အလာမဟ်က ယဇီးဒ်(လ.န) ဟာ ဘယ်သူဖြစ်တယ်ဆိုတာ ရေးသားထားပါတယ်။
ရစူလ်တမန်တော် မြတ်ကြီး (ဆွ) ၏ ဆွဟာဗဟ် တစ်ပါးဖြစ်တဲ့ အဘီ ဂျစ်ဒဟ် က ဆင့်ပြန်ထားပါတယ်။ သူက ပြောပါတယ်။
ရစူလ်တမန်တော် မြတ် (ဆွ) ဟာ ကျနော် တို့ ဆွဟာဗဟ်တွေအကြားမှာ မကြာခဏ ထိုင်ပြီး အခုလို မိန့်ကြားတော်မူခဲ့ပါတယ်။
(ဟဒီးစ် ၏ မူရင်းစာသား)
أَوَّلُ مَنْ أُمَّتِي يُبَدِّلُ سُنَّتِي رَجُلٌ مِنْ بَنِي أُمَيَّةَ يُقَالُ لَهُ يَزِيدُ
အဓိပ္ပာယ်ကတော့ -
“ငါ၏ အွန်မ္မသ်ထဲမှာ ငါ၏ စွန္နသ်တော်ကို ပထမဆုံး ပြောင်းလဲမယ့်သူဟာ ဘနီအုမိုင်ယာ မျိုးနွယ်ထဲက လူတစ်ဦး ဖြစ်လိမ့်မယ်။ သူ့ကို ယဇီးဒ်လို့ ခေါ်ကြလိမ့်မယ်။”
ရစူလ်တမန်တော် မြတ် (ဆွ) က သူ့နာမည်ကိုတောင် ပြောထားပါတယ်။ يُقَالُ لَهُ يَزِيدُ ဆိုတာ ဘာကိုဆိုလိုတာလဲ။ “သူ့ကို ယဇီးဒ်လို့ ခေါ်ကြလိမ့်မယ်” လို့ ဆိုလိုတာပါ။
ကျမ မေးချင်တာက ကုရ်အာန်ကို ခေါင်းပေါ်တင် ထား ပြီး ဒီမေးခွန်းကို ဖြေပေးပါ။
ရစူလ်တမန်တော်မြတ် (ဆွ) ၏ စွန္နသ်တော်ကို ပြောင်းလဲတဲ့သူ၊ ဆန့်ကျင်တဲ့သူဟာ မွတ်စလင်မ် အဖြစ် ဆက်လက်တည်ရှိနိုင်ပါသလား?
ဒါဆိုရင် အဲဒီလိုလူတစ်ယောက်ဟာ မွတ်စလင်မ် များ ရဲ့ ခလီဖာ ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment