၁၇ အောက်တိုဘာ ၂၀၂၆ - ၀၉:၃၀
ဆီးရီးယားရှိ ရှီအာမွတ်စလင်များကို မေ့လျော့ခံလူ့အဖွဲ့အစည်းအဖြစ် မထားသင့်၊ မဟာဗျူဟာမြောက် ပံ့ပိုးကူညီမှုများ လိုအပ်

ဆီးရီးယားရှိ ရှီအဟ် မွတ်စလင်မ် များသည် အစိုးရအပြောင်းအလဲနောက်ပိုင်း ဖိအားများ၊ ကန့်သတ်မှုများနှင့် နေရပ်စွန့်ခွာရမှုများ ကြုံတွေ့နေရပါတယ်။ ၎င်းတို့၏ အခွင့်အရေးနှင့် လုံခြုံရေးကို ကာကွယ်ရန် နိုင်ငံရေး၊ သံတမန်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုများကို စနစ်တကျ တိုးမြှင့်ပေးရန်လိုအပ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သခင်မကြီး ဇိုင်နဗ် (စ.အ) ၏ မွေးနေ့ ရက်မြတ် အချိန်အခါ နှင့် အညီ ဆီးရီးယား နိုင်ငံ ရှိ ရှီအဟ်များ အကြောင်း အနည်းငယ် တင်ပြလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံ ရှိ ရှီအဟ် မွတ်စလင်မ် အသိုင်းအဝိုင်း၏ အခြေအနေကို သုံးသပ်ရာတွင် အစိုးရအပြောင်းအလဲနောက်ပိုင်း ၎င်းတို့အပေါ် ကန့်သတ်မှုများ၊ ဖမ်းဆီးမှုများနှင့် ဖိအားများ တိုးလာပါတယ်။

အထူးသဖြင့် ဒမတ်စကတ်မြို့ရှိ ဇိုင်နဗ် ဘီယာဒေသ နှင့် အစ္စလာမ်ဘာသာရေးအထွတ်အမြတ်နေရာများ၏ လုံခြုံရေး အရေးကြီးလာပါတယ်။

ဆီးရီးယားရှိ ရှီအဟ် များသည် သမိုင်းကြောင်းရှည်လျားစွာ နေထိုင်လာခဲ့ကြပြီး၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့် ဆက်နွှယ်သည့် ဘာသာရေးအထွတ်အမြတ်နေရာများသည် ဒေသ၏ ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။

ထို့အပြင် ဆီးရီးယားမှတစ်ဆင့် ပံ့ပိုးရေးလမ်းကြောင်းများ ပိတ်ဆို့သွားခြင်းကြောင့် လက်ဘနွန်ရှိ ရှီအဟ် အသိုင်းအဝိုင်းများလည်း အခက်အခဲများ ကြုံတွေ့နေရပြီး၊ ဆီးရီးယားမှ လက်ဘနွန်သို့ ရွှေ့ပြောင်းလာသည့် ရှီအဟ် မိသားစုများအတွက် လူမှုစီးပွားရေးဆိုင်ရာ အခက်အခဲများ ပိုမိုကြီးမားလာပါတယ်။

ဤအတွက်ကြောင့် အောက်ဖော်ပြပါ 

၁။ ရှီအဟ် အသိုင်းအဝိုင်းများအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ပရဟိတအကူအညီများကို ပိုမိုညှိနှိုင်း၍ စနစ်တကျ ပေးအပ်ရန်။

၂။ ဆီးရီးယားရှိ ရှီအဟ် များ၏ အခွင့်အရေးနှင့် လူမှုအဆင့်အတန်းကို အသိအမှတ်ပြုလာစေရန် နိုင်ငံရေးနှင့် သံတမန်ရေး ကြိုးပမ်းမှုများ ပြုလုပ်ရန်။

၃။ အီရန်၊ အီရတ်၊ လက်ဘနွန်နှင့် အခြားနိုင်ငံများရှိ ရှီအဟ် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်။

၄။ ဇိုင်နဗ် ဘီယာအပါအဝင် ဘာသာရေးအထွတ်အမြတ်နေရာများသို့ ဇေယာရသ် ခရီးစဉ်များ ပြန်လည်အားကောင်းလာစေရန်နှင့် အဆိုပါနေရာများ၏ လုံခြုံရေးကို ထိန်းသိမ်းရန်။ လိုအပ်နေကြောင်း အဗ်နာ သတင်း ဌာန မှ ဆိုထားပါတယ်။

 ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် အဇာဘိုင်ဂျန်ကဲ့သို့ နိုင်ငံများရှိ လူနည်းစု    ရှီအဟ် အသိုင်းအဝိုင်းများကို မေ့လျော့မထားဘဲ စနစ်တကျ ပံ့ပိုးကူညီသင့်ပါတယ်။  ထိုသို့သော ပံ့ပိုးမှုများသည် ၎င်းတို့၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ကာကွယ်ပေးနိုင်ပြီး ခွဲခြားဆက်ဆံမှုနှင့် မတရားပြုမူမှုများကို လျှော့ချနိုင်ကြောင်း ဖြစ်ပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha