၂၉ နိုဝင်ဘာ ၂၀၂၆ - ၂၃:၅၈
ယီမင်အပေါ် ဆော်ဒီ၏ တိုက်ခိုက်မှုများ ပြင်းထန်လာ၊ လူ ၅၂၅ ဦး သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာရရှိ

ယီမင်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဆော်ဒီအာရေဗျနိုင်ငံက ဇူလိုင် ၂၂ ရက်မှစတင်ကာ ဆက်လက်ပြုလုပ်နေသည့် တိုက်ခိုက်မှုများကြောင့် ယခုအချိန်အထိ လူ ၅၂၅ ဦး သေဆုံးပြီး ၁,၀၈၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဆန်အာ၊ တအစ်ဇ်နှင့် ဆအ်ဒါပြည်နယ်တို့ကို တိုက်ခိုက်မှုများအတွင်း အရပ်သားတစ်ဦး သေဆုံးပြီး ကလေး ၃ ဦးနှင့် အမျိုးသမီး ၂ ဦး အပါအဝင် လူ ၃၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယီမင်နိုင်ငံ၏ ဒေသအသီးသီးအပေါ် ဆော်ဒီအာရေဗျနိုင်ငံ၏ လေကြောင်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါတယ်။ တိုက်ခိုက်မှုများ၏ နောက်ဆုံးအကြိမ် စတင်ခဲ့ချိန်မှ ယခုအချိန်အထိ ဆော်ဒီ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူဦးရေမှာ ၅၂၅ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။

ယီမင်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဆော်ဒီအာရေဗျနိုင်ငံ၏ ဆန်အာ၊ တအစ်ဇ်နှင့် ဆအ်ဒါပြည်နယ်များအပေါ် တိုက်ခိုက်မှုများကြောင့် ယီမင်အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး ကလေး ၃ ဦးနှင့် အမျိုးသမီး ၂ ဦး အပါအဝင် လူ ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၂၂ ရက်မှ ယခုအချိန်အထိ ဆော်ဒီ၏ တိုက်ခိုက်မှုများကြောင့် လူ ၅၂၅ ဦး သေဆုံးပြီး ၁,၀၈၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တစ်ချိန်တည်းမှာပင် အလ်မဆီရာ ရုပ်သံဌာနက ဟဂ်ျဂျာပြည်နယ်ရှိ အဘ်စ်ခရိုင်ကို လေကြောင်းမှ ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းဖော်ပြခဲ့ပါတယ်။

ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ ဆရီးအ်ကလည်း ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဆော်ဒီအာရေဗျနိုင်ငံသည် ယီမင်နိုင်ငံ၏ ဒေသအသီးသီးကို လေကြောင်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှု ၈၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်း၏ ပြောကြားချက်အရ တိုက်ခိုက်မှုများ၏ နောက်ဆုံးအကြိမ် စတင်ခဲ့ချိန်မှ ယခုအချိန်အထိ ဆော်ဒီ၏ စုစုပေါင်းတိုက်ခိုက်မှုအကြိမ်ရေမှာ ၆,၁၂၄ ကြိမ်အထိ ရှိလာခဲ့ပါတယ်။

နောက်ဆုံးရရှိထားသည့် အခြေအနေများအရ ဆော်ဒီ၏ တိုက်ခိုက်မှုများသည် ယီမင်နိုင်ငံ၏ အခြေခံအဆောက်အအုံများအထိ ကျယ်ပြန့်လာခဲ့ပါတယ်။ 

ယင်းတိုက်ခိုက်မှုများအတွင်း တအစ်ဇ်နှင့် ဟိုဒိုင်ဒါပြည်နယ်တို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဆက်စပ်အဆောက်အအုံများအပြင် ဆအ်ဒါပြည်နယ်ရှိ ဆက်သွယ်ရေးဆိုင်ရာ အဆောက်အအုံများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

အခြားတစ်ဖက်တွင် ဆော်ဒီ၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ် အလ်ဂျဇီးရား ရုပ်သံဌာနက ယနေ့ နိုဝင်ဘာ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်  နံနက်အစောပိုင်းတွင် ယီမင်တပ်ဖွဲ့များသည် ဆော်ဒီအာရေဗျနိုင်ငံရှိ ဘုရင်ခါလစ် နိုင်ငံတကာလေဆိပ်အပြင် အဘ်ဟာနှင့် ခမီးစ် မူရှိုက်ဒေသများကို ပစ်မှတ်ထားသည့် စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်ဟု သတင်းဖော်ပြခဲ့ပါတယ်။

ယင်းဖြစ်ရပ်သည် ဆန်အာနှင့် ရီယာဒ်တို့အကြား စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေကြောင်း ဖော်ပြနေပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha