အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
======================
ပါကစ္စတန် နိုင်ငံ အစ္စလာမ် အာဗါဒ် ၏ မွဖ်သီဆပ် ဂိုလ်ဇာ နအီးမီ ၊ ပါကစ္စတန် နိုင်ငံ ဂျအ်မေအသွန်နအီးမေ ၏ ကျောင်း အုပ် ဆရာကြီး မှ တကမ္ဘာလုံးရှိ လူမျိုးစုများ ကို သတ်ဖြတ်မှု ၊အစွန်းရောက် မှု ၊မနုဿ လူသားတွေကို မညာမတာ အကြင်အနာမဲ့စွာ လူမျိုးတုန်း သတ်ဖြတ်နေမှု ကိုပြုလုပ်နေကြသည့် သက္က်ဖီးရီတို့နှင့် နောက်မဆုတ်ဘဲမားမားမတ်မတ် ရင်ဆိုင်တော်လှန် သင့်ပါတယ် …. ဟုပြောဆိုခဲ့ပါသည်။
မွဖ်သီဆပ်အနေဖြင့် အီရန် နိုင်ငံ ကွမ်းမြို့ တွင် ကျင်းပ ပြီးဆုံးသွားသည့် ((အစွန်းရောက် နှင့် သက္က်ဖီးရီ တို့၏ မူလ အရင်းအမြစ် များ ဆိုင်ရာ အစ္စလာမ်မီ အိုလမာ အမြင် ညီလာခံ )) တွင် သက္က်ဖီးရီများ ၊အစွန်းရောက်များ နှင့် စပ်လျဉ်းပြီး ၎င်းတို့၏ အန္တရာယ် ကိုတင်ပြခဲ့ပါသည်။
IS (ခ) ဒါအေရှ် ၊အလ်ကိုင်ဒါ ၊တာလီဘန် နှင့် စေဗာယေဆွဟာဗာကဲ့သို့သော် သောင်းကြမ်းသူ အစွန်းရောက် သူပုန်များသည် မနုဿလူသား ကမ္ဘာကြီး အတွက် အန္တရာယ် ဖြစ်ကြောင်းကိုလည်း မွဖ်သီဆပ် မှ ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အမေရိကန်ပြည်ထောင်စု ၊ ဆိုက်ယူနစ်ဝါဒီ အစ္စရေး တို့၏သည့် သက္က်ဖီးရီများကို အဓိက ပံ့ပိုးကူညီနေကြောင်း ၊ဤ သက္က်ဖီးရီအုပ်စုများကို အမေရိကန် ၊ အစ္စရေးတို့၏ အကူအညီ အဖေးအမ မရခဲ့လျှင် ဘယ်အချိန်ကတည်း ဖျက်စီး ပျောက်ကွယ်သွားပြီး ဖြစ်ကြောင်း ၊ ပြောကြားခဲ့ပါသည်။
အင်ဒိုးနီးရှား နိုင်ငံ၏ နဲဟ်ဇက်သေလ်အိုလမာ ၏ အဖွဲ့ဝင် ရှိက်္ခ အလီဝီ နဗ်သာနီ မှလည်း ဒါအေရှ် နှင့် သက္က်ဖီးရီ အုပ်စုများ နှင့် ရင်ဆိုင်တိုက်ပွဲ ဝင်ရန် အမေရိကန် ပြည်ထောင်စု ၏ ကြီးကြပ်မှုအောက်တွင် အဖွဲ့ဖွဲ့စည်းမှု သည့် ကောင်းမြတ်သည့် အကျိုးကိုလို သည့်ရည်ရွယ်ချက် ဖြင့်ပြုလုပ်ခြင်းမျိုး မဟုတ်ဘဲ ဆီးရီးယား နိုင်ငံနှင့် အီရတ် နိုင်ငံ၏ စည်းလုံးမှု ကို ကြိုးကိုင် နိုင်ရန် ဖြစ်ကြောင်း ၊ သက္က်ဖီးရီ အုပ်စုများ နှင့် ပြင်းပြင်းထန်းထန်း ရင်ဆိုင်တိုက်ပွဲ ဝင်ဖို့ အရေးကြီးလို အပ်ကြောင်း ၊၎င်းတို့၏ အတွေး အခေါ်များ သည် အစ္စလာမ် မီ အဲဟ်ကာမ် (အစ္စလာမ်မီ ဥပဒေသများ ) ၊ အစ္စလာမ်မီ အမိန့်များ နှင့်လုံးဝ ဆန့်ကျင်နေကြောင်း ပြောဆိုခဲ့ပါသည်။
((အစွန်းရောက် နှင့် သက္က်ဖီးရီ တို့၏ မူလ အရင်းအမြစ် များ ဆိုင်ရာ အစ္စလာမ်မီ အိုလမာ အမြင် ညီလာခံ )) ကိုပြီးခဲ့သည့် အပတ် တနင်္ဂနွေနေ့ မှ တနင်းလာ နေ့ အထိ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ ကွမ်းမြို့တွင် ကျင်းပခဲ့ပါသည်။ ညီလာခံ တွင် နိုင်ငံတကာ မှ အိုလမာ ၊ ပညာရှင်များ တက်ရောက် နေရာ ယူခဲ့ကြောင်း သိရှိရပါသည်။
======================================================