အဗ်နာ ။ ။ ပါကစ္စတန် နိုင်ငံသား ရှီအဟ် အာလင်မ် မရ်ဟွန်မ် မိုဖွစေရ်ရို ကုရ်အာန် အာယာသွလ္လာဟ် မိုဟ်သင် အလီ နဂျဖီ အတွက် မဂျ်လစ် အား ဇန်နဝါရီလ ၁၇ ၇က်နေ့ ဗုဒ္ဓဟူး နေ့ မဂ်ရိဗ် နှင့် အေရှာ နမာဇ် အပြီး သခင်မကြီး မအ်စူမဟ် (စ.အ) ၏ ရောင်ဇာတော် တွင် ပြုလုပ် ခဲ့ပါတယ်။ ဤ မဂျ်လစ် အား ပါကစ္စတန် နိုင်ငံ ၏ မြို့တော် အစ္စလာမ် အာ ပါဒ် ( အစ္စလာမာဘတ်) ၏ သောကြာနမာဇ် ရှေ့ဆောင်ဆရာ နှင့် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ တို့ မှ တရား များ ဟောကြားခဲ့ပါတယ်။
၂၀ ဇန်နဝါရီ ၂၀၂၄ - ၂၁:၁၁
News ID: 1431007