အဗ်နာ ။ ။ ပြည်ထောင်စု မြန်မာ နိုင်ငံ ၏ မြို့တော် ဟောင်း ရန်ကုန်မြို့ မဂိုရှီအဟ် ဂျာမေအ် မတ်စ်ဂျစ်ဒ် တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှီအဟ် မွတ်စလင်မ် အဖွဲ့ချုပ် မှ အအစည်းအဝေး တစ်ရပ် ကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီ တွင် ကျင်းပခဲ့ပါတယ်။ ဤ အစည်းအဝေး တွင် ရှီအဟ် မွတ်စလင်မ်များ ၏ သာသနာပြု လုပ်ငန်းဆောင်ရွက်ရန် အတွက် နိုင်ငံတော်မှချပေးထားသည့် မြေနေရာ၌ ခြံစည်းရိုးကာရံခြင်းနှင့် အဆောက်အဦ ဆောက်လုပ်ရန် အလို့ငှာ ဘာသာဝင်များအား ကိုယ်စားပြုသည့် ဦးဆောင်ကော်မတီ ဖွဲ့စည်း နိုင်ရေး အတွက် တက်ရောက်လာသူ အများဆန္ဒ နှင့်အညီ ဦးဆောင်ကော်မတီနှင့် ဆပ်ကော်မတီများကို အောင်မြင်စွာ ဖွဲ့စည်းခဲ့ ကြောင်း သိရှိရပါတယ်။ ။ Photos Credit - The All Myanmar Shia Muslim Organization

၂ ဒီဇင်ဘာ ၂၀၂၄ - ၁၀:၅၄