အင်ဒိုနီးရှားရှိ ကျမ်းတော်မြတ်ကုရ်အာန် အစီအစဉ်တွင် အီရန်နိုင်ငံ ၏ အကျော်အမော် ကာရီ တစ်ပါး ဖြစ်သည့် ဟာမစ်ဒ် ရှာကေရ် နေဇာဒ် က ကျမ်းတော်မြတ် ကုရ်အာန်သည် လူမျိုးများ ၏ နားလည်မှုအတွက် သင့်လျော် သော စံနှုန်းတစ်ခုဖြစ်ကြောင်း ၎င်းကြောင့် နှလုံးသားများ ကို အေးချမ်း မှု ဖြစ်စေကြောင်း ပြောကြား ခဲ့ပါတယ်။

၂၀ မတ် ၂၀၂၅ - ၁၇:၂၉

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီးက်နာ သတင်းဌာန နှင့် အီရန်ယဉ်ကျေးမှုအဖွဲ့အစည်း ၏ အစီရင်ခံစာ အရ အင်ဒိုနီးရှား နိုင်ငံ ၏ မြို့တော် ဂျကာတာရှိ အစ်သေက်လာလ် ဗလီဝတ်ကျောင်းတော် သည် မြင့်မြတ်သောကျမ်းတော်မြတ်များကို ဂုဏ်ပြု ရန်နှင့် ကျမ်းတော်မြတ်ကုရ်အာန်၏ ဉာဏ်အလင်းရရှိစေရန် ရည်ရွယ်၍ တနင်္ဂနွေနေ့ညနေပိုင်းတွင် ခမ်းနား သော ကုရ်အာန်အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။

ဤမင်္ဂလာစုဝေးပွဲကို အင်ဒိုနီးရှားဘာသာရေးဝန်ကြီးနှင့် အစ်သေက်လာလ် ဗလီဝတ်ကျောင်းတော် ၏ ရှေ့ဆောင် ဆရာတော် နဆရွတ်ဒ်ဒီးန် တို့ ၏ ဧည့်ခံ မှု နှင့်  အီရန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ထင်ရှား ထူးချွန်သည့် ကာရီများ တက်ရောက် မှု ဖြင့် ကျင်းပခဲ့ပါတယ်။

ဤ အခမ်းအနားတွင် အီရန် နိုင်ငံ ၏ အကျော်အမော် ကာရီ နှင့် ကျမ်းတော်မြတ်ကုရ်အာန် ဆိုင်ရာ သံတမန်  ဟာမစ်ဒ် ရှာကေရ် နေဇာဒ် ၊ထိုနည်းတူစွာ အင်ဒိုနီးရှား ၏  ထူးချွန် ကာရီများ ၊ ၂၀၁၁ခုနှစ်တွင် အီရန်နိုင်ငံ ၌ ကျင်းပသည့် အပြည်ပြည် ဆိုင်ရာ ကျမ်းတော်မြတ် ကုရ်အာန် ပြိုင်ပွဲ တွင် ဆုရရှိခဲ့သူ ဒရ်ဝီးန် ဟိုစိုင်းန်နူယာန်း နှင့် မိုဟမ္မဒ် ရီးဇ်ကာန် တို့မှ ကြည်နူးဖွယ်ရာအသံများ နှင့်ကျမ်းတော်မြတ်ကုရ်အာန် ၏ အာယသ်တော်များ ကို သေလာဝသ် ပြုခဲ့ကြပြီး အင်ဒိုနီးရှားလူမျိုးများ မှ အတိုင်းထက် အလွန် ကြိုဆို ခဲ့ကြပါတယ်။

အင်ဒိုနီးရှားဘာသာရေးဝန်ကြီး အနေဖြင့် ဤ အခမ်းအနား တွင် ကျမ်းတော်မြတ် ကုရ်အာန် ၏ ကြီးမြတ်မှု နှင့် ကျမ်းတော်မြတ် ကုရ်အာန် ကျရောက်သည့် ညမြတ် ၏ ကြီးကျယ်မြင့်မြတ် မှု ကို မီးမောင်းထိုး တင်ပြ ဟောကြားပြီး လမြတ် ရမ်ဒွါန် ကျရောက် လာမှု အတွက် မိုဘာရတ်က် ပြောကြား ကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးနောက် အစ်သေက်လာလ် ဗလီဝတ်ကျောင်းတော် တွင် အီရန်ကိုယ်စားလှယ်အဖွဲ့၏ ပါဝင်ဆောင်ရွက်မှုသည် တန်ဖိုး ရှိသည့် လုပ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဟာမစ်ဒ် ရှာကေရ် နေဇာဒ် မှလည်း မိမိ၏ ဟောပြောမှု တွင်  ကုရ်အာန်သံတမန်ဆက်ဆံရေးကို နိုင်ငံ တကာဆက်ဆံရေးတွင် ထိရောက်သောဗျူဟာတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး ကျမ်းတော်မြတ်ကုရ်အာန်သည် မတူညီ သောလူမျိုးအချင်းချင်းအကြား နားလည်မှုနှင့် ခံယူချက်များကို လေးနက် နက်ရှိုင်း စေပြီး နှလုံးသားများ ကို အေးချမ်း မှု ဖြစ်စေကြောင်း ပြောကြားခဲ့ပါတယ်။

ကုရ်အာန်သံခင်းတမန်ခင်းတွင် အစ္စလာမ့်ယဉ်ကျေးမှုနှင့်ဆက်ဆံရေးအဖွဲ့၏ အဓိကအခန်းကဏ္ဍနှင့် နိုင်ငံတကာ အဆင့်တွင် ကုရ်အာန်အစည်းအဝေးများကျင်းပရန် အရေးကြီးကြောင်းကိုလည်း ဟာမစ်ဒ် ရှာကေရ် နေဇာဒ် က မီးမောင်း ထိုးပြခဲ့ပါတယ်။

ဟာမစ်ဒ် ရှာကေရ် နေဇာဒ် သည် မကြာမီကာလအတွင်းတွင် ကျမ်းတော်မြတ် ကုရ်အာန် ပြိုင်ပွဲ နယ်ပယ်တွင် အင်ဒိုနီးရှားနိုင်ငံ ကာရီများ အနေဖြင့် မြင့်မားသော အဆင့်များ ဆွတ်ခူး နိုင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ကာရီများ နှင့် အာဂုံဆောင်သူများ၏ အရည်အချင်းများကို ချီးကျူးခဲ့ပါတယ်။

အီရန်နိုင်ငံ အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ယဉ်ကျေးမှုအတိုင်ပင်ခံအဖွဲ့နှင့် အစ္စလာမ့်ယဉ်ကျေးမှုနှင့် ဆက်ဆံရေးအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ကြီးကျယ်ခမ်းနားသော ကုရ်အာန်ကျမ်းစာစုဝေးပွဲကို ဗုဒ္ဓဟူးနေ့အထိ အင်ဒိုနီးရှားနိုင်ငံရှိ မြို့ကြီးလေးမြို့တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

ဤအခမ်းအနား တွင် အီရန်နိုင်ငံ၏ အကျော်အမော် ရုပ်မြင် သံကြား ဆိုင်ရာ ကုရ်အာန် အစီအစဥ်   »  မဲဟ်ဖလ်«  မှ အဖွဲ့သည် ပါဝင်လျက်ရှိပြီး ဤအခမ်းအနားကို အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ ရုပ်မြင် သံကြား နှင့် ပူးပေါင်း ကျင်းပကြောင်း သိရှိရပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha