အင်အားပြင်းငလျင်ကြောင့် အစ္စလာမ်ဘာသာဝင်တို့၏ ဗလီဝတ်ကျောင်း ၅၀ ထက်မနည်း ပြိုကျပျက်စီးသွားကြောင်း ဝမ်းနည်းစွာ သိရှိရပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ မတ်လ ၂၈ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်အချိန်က လှုပ်ရှားသွားသည့် အင်အားကြီး ငလျင်များကြောင့် စစ်ကိုင်း၊ ရွှေဘို၊ မန္တလေး၊ ပျော်ဘွယ်၊ ရမည်းသင်း၊ မိတ္ထီလာ၊ နေပြည်တော်၊ ပျဉ်းမနား၊ တောင်ငူ စသည့် မြန်မာပြည်အလယ်ပိုင်း မြို့နယ်များတွင် ဘာသာရေးဆောက်အအုံများ၊ လူနေအိမ်များနှင့် လမ်းတံတားများ ပြိုကျပျက်စီးခဲ့ရသည်။
လက်ရှိ စာရင်းများအရ အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်တော် ၅၀ ထက်မနည်း ပြိုကျပျက်စီးခဲ့ပြီး ထိခိုက်သေဆုံး(ရှဟီးဒ်ဖြစ်)သူစာရင်းမှာ လက်ရှိအချိန်အထိ လူပေါင်း ၂၀၀ ထက်မနည်းရှိကြောင်း သိရသည်။ အဆောက်အဦအပြိုအပျက်များထဲတွင် ပိတ်မိသူများနှင့် ထိခိုက်ဒဏ်ရာရသူများအနက်မှ သေဆုံးသူများ ထပ်မံတိုးပွားလာနိုင်ကြောင်း သိရသည်။
လက်ရှိစာရင်းများအရ -
မန္တလေးမြို့
မဟာအောင်မြေမြို့နယ်က နှစ်ပေါင်း ၂၄၀ ခန့်ရှိ သမိုင်းဝင် ရှေဟောင်းဗလီဖြစ်သည့် ရွှေဘုန်းရှိဗလီအပါအဝင် မန္တလေးမြို့က ဗလီဝတ်ကျောင်းတော် ၁၈ လုံး၊
ကျောက်ဆည်မြို့
ဆူးလေကုန်းမှ ဗလီ ၃ လုံး၊ လက်ပံရွာမှ ၁လုံး
စဉ့်ကိုင်မြို့
တဘက်ဆွဲရွာမှဗလီ ၃ လုံး
သာစည်မြို့
သာစည်မြို့နယ် ဇီးပင်ပေါက်ရွာမှ ဗလီ ၁ လုံး
ရမည်းသင်းမြို့
ရမည်းသင်းမြို့ပေါ်မှ ဗလီ ၆လုံးနှင့် ကျေးရွာများမှ ဗလီ (၄)လုံး
ပျော်ဘွယ်မြို့
ပျော်ဘွယ် မြို့သစ်ဗလီနှင့် အရဗီတက္ကသိုလ်
မိတ္ထီလာမြို့
မိတ္ထီလာမြို့မှ ဘန်ဂါလီဗလီ
ပလိပ်မြို့
ပလိပ်မြို့မှ ဗလီ ၁ လုံး
စစ်ကိုင်းမြို့
စစ်ကိုင်းမြို့မှ ဗလီ ၄ လုံး
ရွှေဘိုမြို့
ဆင်ရုံဗလီ နှင့် ကံသာကုန်းရွာဗလီ
နေပြည်တော်
နေပြည်တော် ပျဉ်းမနားတွင် ဗလီ ၄ လုံး
တောင်ငူ
တောင်ငူမြို့က ကန်တော် ဗလီ
တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ပျက်စီးစာရင်းနှင့် သေဆုံးစာရင်းများ ထပ်မံသိရပါက အချက်လက်များကို ဖြည့်စွက်တင်ပြသွားပါမည်။
BHRN / Al Basha
.......................................................
END / 251
Your Comment