အစ္စလာမ္မစ် ခုတုံးလုပ် IS အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်တွေကို ၎င်းတို့ကို မွေးထုတ်ခဲ့တဲ့ အမေရိကန် အစိုးရက ပြီး အလိုရှိနေတဲ့ ခေါင်းဆောင် ၄ ဦး အဖြစ်နဲ့ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

၆ မေ ၂၀၁၅ - ၁၈:၂၃

 

အဲဟ်လေ့ဘိုက် (သ) (အ.စ) သတင်းဌာန ၊ အဗ်န

 

အစ္စလာမ္မစ်ခုတုံးလုပ်  IS အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်တွေကို ၎င်းတို့ကို မွေးထုတ်ခဲ့တဲ့ အမေရိကန် အစိုးရက ပြီး အလိုရှိနေတဲ့ ခေါင်းဆောင် ၄ ဦး အဖြစ်နဲ့ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

သူတို့ကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးနိုင်ရင် စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၂၀ ချီးမြှင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။

IS  အကြမ်းဖက် အဖွဲ့က တက္ကဆက်ပြည်နယ်က တိုက်ခိုက်မှုကို သူတို့ လက်ချက်ပါလို့ ကြေငြာ ထုတ် ပြီး နောက်တရက်မှာ အခုလို ဆုငွေထုတ်လိုက်တာ ဖြစ်ကြောင်း လိုသလို စွဲစွဲ တင်ပြတတ်တဲ့ bbc သတင်းဌာန က ထုတ်ပြန်ခဲ့တယ်လို့ သိရှိရပါတယ်။

 

ဆုငွေထုတ်လိုက်ထားခြင်းခံရတဲ့  လေးယောက်ကတော့ IS အဖွဲ့ရဲ့ အကြီးတန်း ခေါင်းဆောင် ကာဒူရီ၊ အကြီးတန်း ပြောရေးဆိုခွင့်ရှိသူ အတ်နာနီ၊ ဆီရီးယား မြောက်ပိုင်း စစ်မြေပြင် တပ်မှူးကြီး ဘာတီရာ အာရှာဗီ၊ အသေခံ ဗုံးခွဲသမားတွေရဲ့ အကြီးအကဲ ဟာဇီ တို့ဖြစ်ပါတယ်။

 

ကာဒူရီအတွက် ဆုငွေ ဒေါ်လာ ၇ သန်း၊ အတ်နာနီနဲ့ ဘာတီရာ အာရှာဗီတို့ကို သတင်းပေးနိုင်ရင် ဒေါ်လာ ၅ သန်းစီ၊ နောက်ဆုံး တယောက်ဖြစ်တဲ့ ဟာဇီကို ဖမ်းဖို့ သတင်းပေးနိုင်သူကို ဒေါ်လာ ၃ သန်း အသီးသီး ထုတ်လိုက်တာပါ။

 

IS  အကြမ်းဖက် အဖွဲ့ကို မွေးထုတ်ခဲ့တဲ့ အမေရိကန်အစိုးရဟာ IS  အကြမ်းဖက် အဖွဲ့ခေါင်းဆောင် အဗူဘကဲရ် ဘဂ္ဂဒတ်ဒီ ကိုလည်း ဆုငွေ ဒေါ်လာ ၁၀ သန်း ထုတ်ထားတာ ဖြစ်ပါတယ်။ ဒီလို့ ဟာလည်း အစ္စရေး သတင်းထောက်ဖြစ်ကြောင်း သတိရှိထားရပါတယ် ။

ဝဲမှယာ -ကာဒူရီ၊ အတ်နာနီ၊ ဘာတီရာ အာရှာဗီ၊ ဟာဇီ (ဓာတ်ပုံ - cbsnews.com)

 

အခုနောက်ဆုံး အိုက်အက်အဖွဲ့ခေါင်းဆောင်လေးယောက်အတွက် ထုတ်လိုက်တဲ့ ဆုငွေ ပမာဏကတော့ ဘင်လာဒင် သေဆုံးပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လတုန်းက အယ်လ်ကိုင်းဒါး အဖွဲ့ခေါင်းဆောင်ဖြစ်လာတဲ့ အေမန်း အယ် ဇ၀ါဟာရီကို ဒေါ်လာ ၂၅ သန်း ထုတ်တဲ့ နောက်ပိုင်းမှာ အများဆုံးဖြစ်ပါတယ်။

 

---------------------------

251 /  End