အဗ်နာ ။ ။ နှစ်ပေါင်း (၁၅၀၀)ပြည့်နှစ် တမန်တော်မြတ် (ဆွ) နေ့အခမ်းအနားကို စက်တင်ဘာလ(၁၁)ရက်က ရန်ကုန်မြို့ရှိ Skystar Hotel မှာ ကျင်းပပါတယ်။ အခမ်းအနားကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့ တာဝန်ရှိသူတွေ၊ မြန်မာ နိုင်ငံဆိုင်ရာ အီဂျစ်သံရုံးတာဝန်ခံ၊အီရန် နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမေ အသိုလ် မွတ်စ်သဖွာ (ဆွ) အလ် အာလေမီယဟ် ကိုယ်စားလှယ်တော် H.I ဒေါက်တာ ဆယက်ဒ် ဆဒ်ရိုဆ်ဆာဒါသ် ၊ ၁၅၀၀ ပြည့်နှစ် တမန်တော် (ဆွ) နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီဝင်များ ၊ ဖိတ်ကြားထားသည် အနယ်နယ်အရပ်ရပ်မှ ဧည်သည် တော်များတက်ရောက်ကြခဲ့ကြပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာတော့ တမန်တော်မြတ် (ဆွ) မွေးနေ့ အထိမ်း အမှတ်ပွဲများ ကို စက်တင်ဘာ ၄ ရက်ကနေ ၁၄ ရက် အထိ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Photos Credit - Dr. Soe Myint Aung / ဝေယံဖြိုး
၁၃ စက်တင်ဘာ ၂၀၂၅ - ၁၆:၂၈
News ID: 1726445
Your Comment