အဗ်နာ ။ ။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဆော်ဒီအာရေးဗျသံအမတ်ကြီး H.E Saud bin Abdullah Al Subaie ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဆော်ဒီသံရုံးမှ Sheikh Ridwan Ashraf - Al Madini နှင့် အတူ ယနေ့ ၁၃-၁၀-၂၀၂ ၊ တနင်္လာနေ့တွင် မွတ်စလင်မ် ကုသိုလ်ဖြစ်ဆေးရုံ သို့ လာရောက် လည်ပတ်ခဲ့ပါတယ်။ ဤအတွက် ဆေးရုံမှ အထူး ကျေးဇူးတင်ဝမ်းမြောက်စွာဖြင့်ကြို ဆိုခဲ့ကြပါ တယ်။ မွတ်စလင်မ် ကုသိုလ်ဖြစ်ဆေးရုံ နှင့် ဆော်ဒီအာရေဗျ နိုင်ငံသံရုံး အကြား ခိုင်မာသော ဆက်ဆံရေး ပိုမို အဓွန့်ရှည်စေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့် အခွင့်အလမ်းသစ်များ ရှာဖွေရန်အတွက် ဆွေးနွေးကြခြင်းသည် ဤခရီးစဉ်၏ အဓိကရည်ရွယ်ချက်ပင်ဖြစ်ကြောင်း သိရပါတယ်။ Photos Credit - Tin Zar Oo

၁၄ အောက်တိုဘာ ၂၀၂၅ - ၀၀:၂၀

Tags

Your Comment

You are replying to: .
captcha