အဗ်နာ ။ ။ အီရန် နိုင်ငံ၏ မြို့တော် တီဟီရန် မြို့တွင် အမေရိကန် အစ္စရေး ကျွန်များ ၊ အီရန်သစ္စာဖောက်များ ဖြစ်ကြသည့် ဆူပူသောင်းကြမ်းသူများ၏ လက်ချက်ဖြင့် ရှဟီးဒ် ဖြစ်သွားသည့် လုံခြုံရေးတပ်သား များ ပြည်သူများ စုစုပေါင်း ရှဟီးဒ် ၁၀၀ ၏ စျာပန အခမ်းအနား၏ ပုံရိပ်များဖြစ်ပါတယ်။ ရှဟီးဒ် ဖြစ်သူ များ နောက်ထပ်ကျန်ရှိနေပါတယ်။ ဆူပူသောင်းကြမ်းသူများသည် အင်တာနက် ကို အသုံးပြု၍ သောင်းကြမ်းမှု၊များ ၊ သတ်ဖြတ်မှုများ၊ ဖျက်စီးမှုများကို အီရန်နိုင်ငံ မြို့ကြီးများတွင် ဇန်နဝါရီလ ၈ရက်နေ့ ညတွင် အကြီး အကျယ် ပြုလုပ် ခဲ့ကြပါတယ်။ ဗလီဝတ်ကျောင်းတော်များ၊ အေမာမ်ဘာရာများ၊ ဘဏ်များ ၊ဆေးရုံများ ကားများ စသည်တို့ကို မီးရှို့ဖျက်စီးခဲ့ကြပါတယ်။ လုံခြုံရေးတပ်သား များ ပြည်သူများ ကို သေနတ်နဲ့ပစ်၊ ဓားနဲ့ထိုး၊ တုတ်နဲ့ရိုက် ၊မီးရှို့ စသည်ဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။ ဤအတွက်ကြောင့်ထိုညမှစ၍ ယနေ့ အထိ အီရန်အစိုးရ မှ အပြည်ပြည်ဆိုင်ရာ အင်တာနက်ဆက်သွယ်မှု များကို ဖြတ် တောက်ထား ပါတယ်။အီရန် ပြည်သူများကလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇန်နဝါရီလ ၁၂ ရက်နေ့ က အကြီးအကျယ် သစ္စာဖောက် များ နှင့် ၎င်းတို့၏ သခင်များကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

၁၇ ဇန်နဝါရီ ၂၀၂၆ - ၀၁:၂၅

Tags

Your Comment

You are replying to: .
captcha