အဗ်နာ ။ ။ အီရန် နိုင်ငံ အစ္စဖဟန် မြို့ တွင် ဇန်နဝါရီလ ၁၆ ရက်နေ့ ၌ လုံခြုံရေးတပ်သား ရှဟီးဒ် ၇ ဦး ၏ စျာပန အခမ်းအနား ကို ကျင်းပခဲ့ပါတယ်။ လုံခြုံရေးတပ်သား ရှဟီးဒ် ၇ ဦး မှာ အမေရိကန် ၊ အစ္စရေး တို့၏ ကူညီပေးမှု ဖြင့် ပြုလုပ်ခဲ့သည့် ဆူပူ အကြမ်းဖက်မှုတွင် အကြမ်းဖက်သမားများ မှ သတ်ဖြတ်ခြင်း ခံခဲ့ရ သူများ ဖြစ်ပါတယ်။ အီရန် နိုင်ငံ တွင် ရိုးရိုး ဆန္ဒပြနေသည် အခြေအနေ ကို အခွင့်ကောင်း ယူပြီး အမေရိကန် ၊ အစ္စရေး တို့၏ လူများမှ ဆူပူ အကြမ်းဖက် မှုများ ဖြစ်အောင် ပြုလုပ်ခဲ့ကြပါတယ်။ ဤအတွက်ကြောင့် အီရန် လုံခြုံရေးတပ်သားများ အနေဖြင့် သာမန် ပြည်သူများ နှင့် အကြမ်းဖက်သမားများ ရောထွေးသွား သည့်အခါ အပြစ်မဲ့ ပြည်သူ များ မသေရအောင် ထိန်းထိန်းသိမ်းသိမ်း အကြမ်းမဖက် သည့် နိုင်နင်းမှုကိုပြုခဲ့ကြပါတယ်။ ဒါပေမဲ့ အကြမ်း ဖက်သမား များ မှ ဤအချိန်ကို အသုံးချပြီး လုံခြုံရေးတပ်သားများနှင့် သာမန်ပြည်သူများကို ရက်ရက် စက်စက် သတ်ဖြတ်မှု များ ပြုခဲ့ကြပါတယ်။ ၎င်းတို့၏ သခင် အမေရိကန် ၊ အစ္စရေး တို့၏ လော်ဘီ မီဒီယာ များ ကတော့ သေဆုံးသွား သူများ ကို ဆန္ဒပြသူများ ဟု မဟုတ်မမှန်သတင်းများ ထုတ်ခဲ့ကြပါတယ်။

၁၈ ဇန်နဝါရီ ၂၀၂၆ - ၁၀:၁၀

Tags

Your Comment

You are replying to: .
captcha