အဗ်နာ ။ ။ အီရန် အစ္စလာမ်မစ် တော်လှန်ရေးအောင်မြင်ခဲ့သော (၄၇ ) နှစ်မြောက် နှစ်ပတ်လည်နေ့ နီးကပ်လာ သည့်အချိန် တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ ၂၀၂၆ ခုနှစ် ၊ စနေနေ့ နံနက်ပိုင်းတွင် အီရန် သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း နှင့် အစိုးရအဖွဲ့ဝင်များသည် အိရန် အစ္စလာမ်မစ် တော်လှန်ရေးကို တည်ထောင်ခဲ့သော ခေါင်းဆောင်ကြီး အေမာမ် ခိုမေနီ (ရ.ဟ) ၏ ဂူဗိမာန် သို့ သွားရောက်ခဲ့ကြပြီး အီရန် အစ္စလာမ်မီ သမ္မတနိုင်ငံ၏ အမြင့်မြတ်ဆုံး အယူအဆများနှင့် အစ္စလာမ်မစ် တော်လှန်ရေးတွင် အသက်ပေးလှူခဲ့သော အာဇာနည် သူရဲကောင်းများ ၏ လမ်းညွှန်ချက်များကို ထပ်မံလိုက်နာမည်ဟု သစ္စာပြုခဲ့ကြပါတယ်။
၂ ဖေဖော်ဝါရီ ၂၀၂၆ - ၁၀:၅၁
News ID: 1777105
Your Comment