အဗ်နာ ။ ။ ၂၀၂၄ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် အရှေ့အဇာဘိုင်ဂျန်ပြည်နယ်သို့ "အလ္လာဟ် ၏ ဘုန်းတော်ထင်ရှား စေသော ရေကာတာ" ကို ဖွင့်လှစ်ရန် သွားရောက်ခဲ့သော အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ ၈ ယောက်မြောက် သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ သည် ရဟတ်ယာဉ် ပျက်ကျမှု တွင် အသက်ပေးလှူခဲ့ရပါတယ်။ ဤမတော်တဆမှုတွင် သဗ်ရေဇ် ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာ နှင့် ဝလီယေ ဖကီးဟ် ကိုယ်စားလှယ် အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် အလီ အာလေ့ ဟာရှင်မ် ၊ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) ၊ အရှေ့ အာဇာ ဘိုင်ဂျန် တိုင်းမှူး မာလစ်က် ရဲဟ်မသ်သီ နှင့် သမ္မတလုံခြုံရေးအဖွဲ့၏ အကြီးအကဲ ဆယက်ဒ် မဲဟ်ဒီမူစဝီ နှင့် လေယာဉ်မှူးများလည်း အသက်ပေးလှူခဲ့ကြရပါတယ်။
၂၁ မေ ၂၀၂၆ - ၂၀:၃၉
News ID: 1817354
Your Comment