အဗ်နာ ။ ။ အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) ရှဟီးဒ်ဖြစ်ခြင်း ရှဟာဒသ် အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ကို “ရှဟီးဒ် ခေါင်းဆောင်” အား ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ရှဟီးဒ် ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ အပါအဝင် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွား ခဲ့ကြ သည့် အာဇာနည် (ရှဟီးဒ်) များအား ကတိသစ္စာ ပြန်လည် အတည်ပြုသောအားဖြင့်လည်းကောင်း တနင်္လာနေ့ည (၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်) တွင် ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကွမ်း မြို့ရှိ မဒရ်စဟ် ဟွတ်ဂျသ်သီယဟ် ရှိ ဗလီဝတ်ကျောင်းတော်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ အိန္ဒိယတိုက်ငယ်မှ ဘာသာရေးပညာသင် ကျောင်းသား များ တက်ရောက်ခဲ့ကြပါတယ်။

၂၇ မေ ၂၀၂၆ - ၁၉:၄၁

Tags

Your Comment

You are replying to: .
captcha