အဗ်နာ ။ ။ မုဟရမ်လ၏ ပထမဆယ်ရက်အတွင်း၊ ငါးရက်မြောက်ညမှ ခုနစ်ရက်မြောက်ညအထိ အီရန်နိုင်ငံ ကွမ်းမြို့တွင် နေထိုင်သော နဂျဖီမြို့သားများ၏ "မတ်ရှ်ကေ ရှမ်ရှီး ခေါ် ဓားရှည်များ ဣှင့် ပြုလုပ်ကြသည့် ရိုးရာ လှည့်လည်မှု အဇါဒါရီ ကို နဂျဖီအေမာမ်ဘာရာ မှ စတင်ပြီး ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ရောင်ဇာတော် အထိ ပြုလုပ်ကြပါတယ်။ ဤ ဓားရှည်များ နှင့်ပြုလုပ်သည့် အဇါဒါရီ သည် ရှေးဟောင်းဝမ်းနည်းပူဆွေးခြင်း ထုံးတမ်းစဉ်လာများထဲမှ တစ်ခုဖြစ်ပါတယ်။ အကြောင်း မှာ သမိုင်းဝင်ဖြစ်ရပ်များအရ အာရှူရာညတွင် ဟဘီဗ်ဗင်န် မဇွာဟေရ် အစဒ်ဒီ (အ.စ) ၊ ဟဇရသ် အဘူလ်ဖွဇ် လေအဘာစ် (အ.စ) နှင့် အပေါင်းအပါအဖွဲ့တစ်ဖွဲ့သည် ဟဇရသ် ဇိုင်နဗ် (စ.အ) အား နှစ်သိမ့်ရန် နှင့် အေမာမ် ဟိုစိုင်းန်(အ.စ) အား ကာကွယ်ရန် အသင့်ဖြစ်နေပြီဟု ဓားရှည်များကိုင်ဆောင်၍ ကြေညာရန် သခင်မကြီး တဲနန်း ရှေ့သို့ ရောက်ရှိလာခဲ့ကြပြီး သစ္စာပြုခဲ့ကြပါတယ်။ ဤထုံးတမ်းစဉ်လာသည် ယနေ့ခေတ်တွင် အမှန်တရားကို ထောက်ခံသူများအတွက် ရိုးရာဓလေ့တစ်ခု ဖြစ်လာခဲ့ပါတယ်။

၂၄ ဇွန် ၂၀၂၆ - ၀၇:၄၃

Tags

Your Comment

You are replying to: .
captcha