အဗ်နာ ။ ။ ကြံ့ကြံ့ခံ ခုခံရေးအာဇာနည် ဗိုလ်ချုပ် မိုဟမ္မဒ်စအီးဒ် အီဇဒီ (ဟာဂျ်ရမ်ဒွါန် ) ၏ ရင်ဘတ်ပိုင်းရုပ်တုကို ဖွင့်လှစ်ပြသသည့် အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် ၊ ဗုဒ္ဓဟူးနေ့ညတွင် “အလ်အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး” နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်စွာ တီဟီရန်မြို့ရှိ ပါလက်စတိုင်းရင်ပြင်၌ ကျင်းပခဲ့ပါတယ်။ အခမ်းအနားသို့ အဆိုပါအာဇာနည်၏ မိသားစုဝင်များ၊ တီဟီရန်မြို့တော် အစ္စလာမ်မစ်ကောင်စီဥက္ကဋ္ဌ မဟ်ဒီ ချမ်ရာန် နှင့် ပါလက်စတိုင်း အစ္စလာမ်မစ် ဂျေဟာဒ် လှုပ်ရှားမှု၏ ကိုယ်စားလှယ် နာဆေရ် အဘူရှရစ်ဖ်တို့ တက်ရောက်ခဲ့ကြပါတယ်။
၁၁ အောက်တိုဘာ ၂၀၂၆ - ၂၃:၅၃
News ID: 1876840
Your Comment