အဗ်နာ ။ ။ လောင်စာဆီဈေးနှုန်းများ နှင့် လူနေမှုစရိတ်များ မြင့်တက်လာခြင်းကို ကန့်ကွက်ဆန္ဒပြရန် ပြင်သစ်နိုင်ငံရှိ မြို့အသီးသီးတွင် လူသောင်းပေါင်းများစွာ လမ်းပေါ်သို့ ထွက်လာခဲ့ကြပါတယ်။ အဆိုပါဆန္ဒပြပွဲများအတွင်း လူရာပေါင်းများစွာကို ဖမ်းဆီးခဲ့ပါတယ်။ ပါရီမြို့တွင် မော်တော်ယာဉ်များကို မီးရှို့ခဲ့ကြပြီး ဆိုင်များကိုလည်း လုယက်ဖျက်ဆီးခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ကလည်း အကြမ်းဖက်ဆန္ဒပြသူများကို လူစုခွဲရန် မျက်ရည်ယိုဗုံးများနှင့် ရေဖိအားပြင်းသည့် ရေဖြန်းယာဉ်များကို အသုံးပြုခဲ့ပါတယ်။
၂၂ အောက်တိုဘာ ၂၀၂၆ - ၁၀:၀၁
News ID: 1881159
Your Comment