အဗ်နာ ။ ။ ဆော်ဒီအာရေဗျနိုင်ငံ ဒအ်ဝဟ်နှင့် အစ္စလာမ့်ရေးရာဝန်ကြီးဌာန၏ ကြီးမှူးမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ပနွမ်းပင်မြို့၌ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၆ ရက်အထိ “အကောင်းဆုံး လူသားမျိုးနွယ် (အွန်မ္မဟ်)” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် အာဆီယံနိုင်ငံများ ညီလာခံတွင် မြန်မာနိုင်ငံကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကာ အစ္စလာမ့်မဇ္ဈိမပဋိပဒါလမ်းစဉ်၊ ကျင့်ဝတ်သိက္ခာ၊ အပြုအမူနှင့် ဒေသတွင်း မွတ်စလင်မ်လူနည်းစုများ၏ စိန်ခေါ်မှုများအပါအဝင် သက်ဆိုင်ရာကဏ္ဍများကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ ညီလာခံသို့ အာဆီယံနိုင်ငံများနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှ ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များ နှင့် ကိုယ်စားလှယ် စုစုပေါင်း ၁၃၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။ Photos Credit - Dr. Tin Aung Myint - Asad
၃၀ အောက်တိုဘာ ၂၀၂၆ - ၂၃:၀၃
News ID: 1884530
Your Comment