အဗ်နာ ။ ။ ပြဇာတ်၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားနယ်ပယ်တို့တွင် ဒါရိုက်တာနှင့် သရုပ်ဆောင်အဖြစ် ဆောင်ရွက်ခဲ့သူ ကွယ်လွန်သူ «ကူရိုရှ် ဇာရေအီ» ၏ ရုပ်ကလာပ်အား ပို့ဆောင်သည့် အခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့ ၂၀၂၆ ခုနှစ် နံနက်ပိုင်းတွင် ကွမ်း မြို့ရှိ ပြည်သူများနှင့် အနုပညာရှင်အများအပြား တက်ရောက်ကြပြီး အေမာမ် ဟစန် အက္စ်ကရီ (အ.စ) ဗလီဝတ်ကျောင်းတော် မှ ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ သန့်ရှင်းမြင့်မြတ်သောရောင်ဇာတော် သို့ ပို့ဆောင်ခဲ့ကြပါတယ်။ ထို့နောက် အာယာသွလ္လာဟ် ဟိုစိုင်းန်နီ ရှဲဟ်ရီက ရှေ့ဆောင် အဖြစ် ဦးဆောင်၍ နမာဇ် ဇေ ဂျနာဇဟ် ဝတ်ပြုမှု ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ အနုပညာရှင်၏ ရုပ်ကလာပ်ကို အလီ ဗင်န် ဂျအ်ဖရ် (အ.စ) အာဇာနည်ဗိမာန်ရှိ သင်္ချိုင်းဥယျာဉ်သို့ မြှုပ်နှံသင်္ဂြိုဟ်ရန် ပို့ဆောင်ခဲ့ကြပါတယ်။
၁၃ နိုဝင်ဘာ ၂၀၂၆ - ၂၃:၅၆
News ID: 1890197
Your Comment