အဗ်နာ ။ ။ ရှီအဟ် ကမ္ဘာ၏ ကြီးမြတ်သော မရ်ဂျအ် မရ်ဂျအ်သက္က်လီးဒ် တစ်ပါး ဖြစ်တော်မူသည့် ဟဇရသ် အာယသွလ္လာဟ် အလ်အွဇ်မာ ဟိုစိုင်းန် ဝဟီးဒ် ခိုရာစာနီ၏ ရုပ်ကလာပ်တော်အား ပို့ဆောင်သည့် ဈာပနအခမ်းအနားကို ယနေ့ ဗုဒ္ဓဟူးနေ့ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် ကွမ်းမြို့ရှိ ဂျီဟာဒ်ရင်ပြင်မှ ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ၏ သန့်ရှင်းမြင့်မြတ်သော ရောင်ဇာတော်မြတ် သို့ ဦးတည်၍ ကျင်းပခဲ့ပါတယ်။ အဆိုပါ ဈာပနအခမ်းအနားသို့ ပြည်သူများ၊ အိုလမာ(သာသနာ့ပညာရှင်များ) နှင့် ဟောင်ဇာ များမှ ကျောင်းသားများ အမြောက်အမြား ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ ကွမ်းမြို့၌ ဈာပနအခမ်းအနား ကျင်းပပြီးနောက် ကွယ်လွန်သွားပြီဖြစ်သော အဆိုပါ မရ်ဂျအ်သက္က်လီးဒ် ကြီး၏ ရုပ်ကလာပ်တော်ကို အေမာမ် ရေဇာ (အ.စ) ၏ သန့်ရှင်းမြင့်မြတ်သောရောင်ဇာတ်ေမြတ် (ကဗရ်) အနီးတွင် ဈာပနအခမ်းအနားနှင့် မြေမြှုပ်သင်္ဂြိုဟ်ခြင်း ပြုလုပ်နိုင်ရန် မရှ်ဟဒ်မြို့တော်သို့ ယူဆောင်သွားခဲ့ပါတယ်။

၁၉ နိုဝင်ဘာ ၂၀၂၆ - ၂၂:၂၁

Tags

Your Comment

You are replying to: .
captcha