အီရန်နိုင်ငံ ခရီးသည်တင်လေယာဉ်ပျက်ကျမှု သတင်း အား အစွဲအလန်း ရှိသည့်သတင်းဌာန နှင့် မရှိသည့်ဌာန နှစ်ခု ၏ တင်ပြပုံကို တရားမျှတမှု ကို လိုလားသူများ ထင်ရှားစွာသိရှိစေရန် ရိုးသားစွာ တင်ပြ အပ်ပါသည်။

၁၂ ဩဂုတ် ၂၀၁၄ - ၀၉:၄၂

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အစွဲအလန်း မရှိသည့်သတင်းဌာန ၏ တင်ပြထားမှု ဓာတ်ပုံနှင့်သတင်းစာသားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


X

အီရန်နိုင်ငံ ခရီးသည်တင်လေယာဉ်ပျက်ကျ၊ အနည်းဆုံး ၃၈ ဦးသေဆုံး

    By ဒီဗွီဘီ
    10 August 2014
    Print
    Email
        Tweet

အီရန်နိုင်ငံ ခရီးသည်တင် လေယာဉ်တစင်း သြဂုတ်လ ၁၀ ရက်နေ့မှာ ပျက်ကျသွားပြီး အနည်းဆုံး ၃၈ ယောက် သေဆုံးတယ်လို့ အီရန် နိုင်ငံပိုင် မီဒီယာက ဆိုပါတယ်။

အရှေ့မြောက်ဒေသမှာ ရှိတဲ့ တာဘက်စ်မြို့ဆီကို ဦးတည်ပျံသန်းတဲ့ လေယာဉ်မှာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၄၈ ယောက် လိုက်ပါသွားတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - အေပီ

ဓာတ်ပုံ – အေပီ
အစောပိုင်းသတင်းတွေမှာ လေယာဉ်ပေါ် ပါသူအားလုံး သေဆုံးတယ်လို့ ဆိုပေမယ့် နိုင်ငံပိုင် မီဒီယာမှာတော့ ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့တဲ့ သတင်းကို ထုတ်လွှင့်ပြသပါတယ်။

အိုင်အာအန်အေ သတင်းအရ လူ ၈ ယောက်၊ ၉ ယောက် အသက်ရှင်ပြီး ဒဏ်ရာရသူတယောက် သတိပြန်လည်လာတယ်လို့ ဆရာဝန်တယောက်ကို ကိုးကားပြီး ထုတ်လွှင့်သွားပါတယ်။

နိုင်ငံပိုင်ရုပ်သံမှာတော့ လူ ၃၈ ယောက် ပွဲချင်းပြီး သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပိုတာကို သတင်းတွေမှာ ပြသပါတယ်။

အရပ်ဘက် လေကြောင်း အာဏာပိုင်အဖွဲ့ရဲ့ အဆိုအရ ခရီးသည်တွေထဲမှာ ရင်ခွင်ပိုက်အရွယ်ကလေး ၂ ယောက်၊ အသက် ၁၂ အရွယ် ကလေး ၃ ယောက်လည်း ပါသွားတယ်လို့ ဆိုပါတယ်။

လေယာဉ် စက်ပိုင်းချို့ယွင်းတာကို လေယာဉ် စပျံသန်းပြီး ၄ မိနစ်အကြာမှ လေယာဉ်မှူးကို သိရှိခဲ့ပြီး လေဆိပ်ဆီကို နောက်ကြောင်းပြန်လှည့်ဖို့ ကြိုးစားခဲ့ပေမယ့် လမ်းခုလတ်မှာပဲ ပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။

http://burmese.dvb.no/archives/62056

======================================================

အဗ်နာ သတင်း သတင်းဌာန၏ သုံးသပ်ချက်

ဤသတင်းဌာနသည် ပြည်ထောင်စု အစ္စလာမ်မစ် နိုင်ငံ နှင့် ပတ်သက်ပြီး အစွဲအလန်းမရှိသည့် အတွက်

အီရန်နိုင်ငံဟာ အိုဟောင်းတဲ့လေယာဉ်တွေနဲ့ ထိန်းသိမ်းမှုအားနည်းတာကြောင့် လေယာဉ်ပျက်ကျမှုတွေကြုံတွေ့နေရပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် လေယာဉ်နဲ့ အပိုပစ္စည်းတွေကို ဥရောပကနေ ဝယ်ယူနိုင်ခြင်းမရှိပါဘူး။

နိုင်ငံဟာ ရုရှားနိုင်ငံထုတ် လေယာဉ်တွေပေါ်မှာသာ အဓိက အားထားနေရပြီး လေယာဉ်တွေဟာ ဆိုဗီယက်ခေတ်ဟောင်းက လေယာဉ်တွေဖြစ်လို့ ဆိုဗီယက် ယူနီယံပြိုကွဲပြီးကတည်းက လိုအပ်တဲ့ အစိတ်အပိုင်းတွေ ရဖို့ မလွယ်ကူခဲ့ပါဘူး

ဆိုသည့်  စသည်ဖြင့် သတင်းစာသားကို မထည့်ထားချေ။ အမှန်တကယ် ထာဝရလုရားသခင် (အလ္လာဟ် ဟို အရှင်မြတ် )အသိပ ပျက်ကျခဲ့သည့် ခ၇ီးသည်တင်လေယာဉ်သည် အီရန်နိုင်ငံထုတ်

လေယာဉ်ဖြစ်ပါသည်။ တနည်းဆိုရလျှင် တာဝေးပစ် တာနည်းပစ် ဒုံး ၊တင့်ကား၊ စစ်သုံး သဘောင်္ ၊စစ်သုံး ရဟတ်ယာဉ်များကို  တီထွင်နေသည့် အီရန်နိုင်ငံ အတွက် ခရီးသည်တင် လေယာဉ် တီထွင်ဖို့ရန် အလွန်လွယ်ကူပေသည်။

အဗ်နာ

======================================================

အစွဲအလန်း ရှိသည့်သတင်းဌာန ၏ တင်ပြထားမှု  ဓာတ်ပုံနှင့်သတင်းစာသားများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဤသတင်းသတင်းဌာန၏ အစွဲအလန်းကြီးမှု သတင်းစာသားကို လိုင်းတားပြထားပါသည်။

အီရန်လေယာဉ် ပျက်ကျ၍ လေယာဉ်ခရီးသည် အားလုံးသေဆုံး
in နိုင်ငံတကာသတင်း — August 10, 2014

သြဂုတ် ၁၀၊ ၂၀၁၄
M-Media
မြတ်ဇော်
10405457_747534765288996_9109387047528335480_n
မြို့တော် တီဟီရန် အနီးက လေဆိပ်မှာ အီရန်လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ် ပျက်ကျခဲ့တာကြောင့် ပါလာတဲ့ ခရီးသည် (၄၀) လုံး သေဆုံးသွားတယ်လို့ နိုင်ငံပိုင် တယ်လီဗေးရှင်းက သတင်းကြေညာ သွားပါတယ်။

IRNA သတင်းဌာနက လေယျာဉ်ဟာ မဟ်ရာဗတ် (Mehrabad) လေဆိပ်ကပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျခဲ့တယ်လို့ပြောဆိုပါတယ်။

တာဗန်လေကြောင်းလိုင်း (Taban Airline) ကလေယာဉ် ဟာ တောင်ပိုင်း ခိုရာစာန်ပြည်နယ် တဗာ့စ်မြို့ကို ဦးတည်ပျံသန်းဖို့ဖြစ်ပြီး ယနေ့မနက် ၉ နာရီ ၁၈ မိနစ်မှာ ပျက်ကျခဲ့တာပါ။ လေယာဉ်ပေါ်မှာ ကလေးငယ် ခုနှစ်ယောက်ပါသွားတယ်လို့သိရပါတယ်။

အီရန်နိုင်ငံဟာ အိုဟောင်းတဲ့လေယာဉ်တွေနဲ့ ထိန်းသိမ်းမှုအားနည်းတာကြောင့် လေယာဉ်ပျက်ကျမှုတွေကြုံတွေ့နေရပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် လေယာဉ်နဲ့ အပိုပစ္စည်းတွေကို ဥရောပကနေ ဝယ်ယူနိုင်ခြင်းမရှိပါဘူး။

နိုင်ငံဟာ ရုရှားနိုင်ငံထုတ် လေယာဉ်တွေပေါ်မှာသာ အဓိက အားထားနေရပြီး လေယာဉ်တွေဟာ ဆိုဗီယက်ခေတ်ဟောင်းက လေယာဉ်တွေဖြစ်လို့ ဆိုဗီယက် ယူနီယံပြိုကွဲပြီးကတည်းက လိုအပ်တဲ့ အစိတ်အပိုင်းတွေ ရဖို့ မလွယ်ကူခဲ့ပါဘူး။

အီရန်မှာနောက်ဆုံး ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့ လေယာဉ်ပျက်ကျမှု က (၂၀၁၁) ခုနှစ်မှာဖြစ်ခဲ့ပြီး အီရန် အနောက်မြောက်ဘက်မှာ နှင်းမုန်တိုင်း တိုက်နေတုန်း ဆင်းသက်ခဲ့တဲ့ ဘိုးရင်း ၇၂၇ (Boeing 727) ဟာ အစိတ်စိတ်ကျိုးပဲ့ခဲ့ပြီး ၄င်းဖြစ်ရပ်ကြောင့် လူ (၇၇) ဦးသေဆုံးခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ဂျူလိုင်လတုန်းကလည်း ရုရှားနိုင်ငံထုတ် ဂျက်လေယာဉ်ဟာ လေဆိပ်ကထွက်ခွာပြီး မကြာခင်မှာပဲ ပျက်ကျခဲ့လို့ လူ ၁၆၈ ဦးသေဆုံးခဲ့ပါတယ်။

Source : Aljazeera

http://www.m-mediagroup.com/news/30655

=====================================================================================

အဗ်နာ သတင်း သတင်းဌာန၏ သုံးသပ်ချက်

ဤသတင်းဌာနသည် ပြည်ထောင်စု အစ္စလာမ်မစ် နိုင်ငံ နှင့် ပတ်သက်ပြီး အစွဲအလန်းရှိသည့် Ajazeera သတင်းဌာန မှ ကိုးကားထား ခြင်း ဖြစ်ပါသည်။

Ajazeera သတင်းဌာနသည် ပြည်ထောင်စု အစ္စလာမ်မစ် အီရန်ကို မလိုလိုသည့် အရပ်သတင်းဌာနများမှ တစ်ခု ဖြစ်ပြီး အစ္စလာမ့်ရန်သူအစစ် အမေရိကန် နှင့် အစ္စရေး

ပြီးနောက်အစ္စလာမ်ခုတုံးလုပ် သက္က်ဖီးရီးများ၏ မစာမိတ်သတင်းဌာနတစ်ခုလည်း ဖြစ်ပါသည်။

သို့သော် m-media သတင်းဌာနအနေဖြင့်ပြည်ထောင်စု အစ္စလာမ်မစ် အီရန်ကို မလိုလိုသည့် သတင်းဌာန တဟ်ခု ဟုတ်မဟုတ်ဆိုသည်မှာ

၎င်းတို့ကိုယ်တိုင်နှင့် ထာဝရအရှင် အလ္လာဟ် ဟို အရှင်မြတ် သခင် အသိဆုံးပင်တည်း ....

သို့သော်ဤ သတင်းဌာန သည် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ကို မလိုလားသည့် သတင်းဌာနတစ်ခု နှင့် အစွဲအလန်း ရှိသည်မှာ ၉၅ %  ဖြစ်နိုင်ချေရှိပါသည်။

ုဖြစ်နိုင်ချေ သက်သေ အထောက်အထားများသည်ကား -

အီရန် နိုင်ငံသည် ရှီအာ အေမာမ်မီယာ နိုင်ငံ ဖြစ်သည်။

မလေးရှား နိုင်ငံ သည် ရှီအာ ကို လက်မခံသည့် အမုန်းထားသည့်  စွန်နီအများစု နေထိုင်သည့် စွန်နီ နိုင်ငံတစ်ခု ဖြစ်ပါသည်။

ဤအတွက်ကြောင့်...............

ဗုဒ္ဓဘာသာ ဝင်ဘုန်းကြီးကျောင်းများကို တရားဝင် ခွင့်ပြုထားသော်လည်း ရှီအာ ဗလီနှင့် အေမာမ်ဘာရာများကို တရားဝင် ခွင့်မပြုထားချေ။

m-media သတင်းဌာန သည် မလေးရှား နိုင်ငံ  ၏ ငွေကြေး အထောက်အပံ့ အကူအညီ နှင့်ထူထောင်ထားသည့် မြန်မာမွတ်စလင်များ တစ်ချို့ ၏

လှုပ်ရှားနေသည့်  မွတ်စလင် သတင်းဌာန တစ်ခု ဖြစ်ပါသည်။

ဤအတွက်ကြောင့် ဖြစ်နိုင်ချေရှိသည်ဟု ရေးသားရခြင်းဖြစ်ပါသည်။

အထူးမှတ်သားစရာ အချက်သည်ကား - အဗ်နာ သတင်းဌာန သည် စွန်နီ ရှီအာ ပြဿနာ နှင့်အစွဲအလန်းကို ဦးစားမပေးသည့်  သတင်းဌာနတစ်ခု ဖြစ်သည့်အတွက်

m-media သတင်းဌာန ၏ သတင်းများ  နှင့် မွတ်စလင်သတင်းဌာနများနှင့် အခြား မွတ်စလင်မဟုတ်သည့် သတင်းဌာနများမှ သတင်းများ ကိုလည်း REF ပေးပြီး ကူးယူဖော်ပြခဲ့ ဖော်ပြနေပါသည်။

ကျေးဇူးတင်လေးစားလျက်

အဗ်နာ သတင်းဌာန

======================================================