ISIL (ခ) အစ္စလာမ်ခုတုံးလုပ် မိုဂျဟစ် အမည်ခံ သက္က်ဖီးရီးများ မှ ဆီးရီးယား တွင် ဆီးရီးယားပြန်ကြားရေးဝန်ကြီးဌာန နှင့်ဆက်သွယ် သူများဟု စွပ်စွဲပြီးဆီးရီးယားပြည်သူ အသက်ကြီးသူ ၃ဦးကို လူမဆန်စွာ ကွပ်မျက်ပြီး ကျမ်းတော်မြတ်ကုရ်အာန်၏ အာယာတ်တော်များ ကို အလွဲသုံးစားလုပ်ပြခဲ့ကြပါသည်။ ပုံများတွင်မျက်ဝါးထင်ထင် မြင်တွေ့ နိုင်ပါသည်။
အဲဟ်လေ့ဘိုက်(သ) သတင်းဌာန ၊အဗ်နာ
ISIL (ခ) အစ္စလာမ်ခုတုံးလုပ် မိုဂျဟစ် အမည်ခံ သက္က်ဖီးရီးများ မှ ဆီးရီးယား တွင် ဆီးရီးယားပြန်ကြားရေးဝန်ကြီးဌာန နှင့်ဆက်သွယ် သူများဟု စွပ်စွဲပြီးဆီးရီးယားပြည်သူ အသက်ကြီးသူ ၃ဦးကို လူမဆန်စွာ ကွပ်မျက်ပြီး ကျမ်းတော်မြတ်ကုရ်အာန်၏ အာယာတ်တော်များ ကို အလွဲသုံးစားလုပ်ပြခဲ့ကြပါသည်။
ပုံများတွင်မျက်ဝါးထင်ထင် မြင်တွေ့ နိုင်ပါသည်။
ကုရ်ဗနီသားကောင်ကိုတောင် နောက်သားကောင် အရှေ့ တွင် ကုရ်ဗနီ မလုပ်မိပါစေနှင့်ဟု မိန့်မှာထားသည့် အစ္စလာမ်ကို အမည်ဖျက်နေသည့်လုပ်ရပ်မဟုတ်ပါသလော ?
အစ္စလာမ်သာသနာတော်၊ မဟာတမန်တော်မြတ်ကြီး (ဆွ) ၊စစ်မှန်သည့်သာဝကတော်များ(ရ.သွေ့) နှင့်သာဗေအီးမ်များ (ရ.ဟ)တို့မလုပ်ခဲ့သည့် လုပ်နည်း
ဖြင့်ရက်စက်လူမဆန်စွာ ကွပ်မျက်ခဲ့ကြပါသည်။
ကမ္ဘာနှင့် မြန်မာပြည် ရှိ မနူးမနပ် ၊ဘုမသိဘမသိ မွတ်လင်မ်များ ၊အလကားနေရင် ISIL ကို အထင်ကြီးက မိုဂျဟစ် သာသနာ့ သူရဲကောင်းများ ၊၎င်းတို့ကို လက်မခံလျှင်
ဆန်ကျင့်လျှင် မိုနာဖေက်များ ...မိုနာဖေက်ဆိုတာ ကာဖေရ်ထက်ကြောက်ဖို့ပိုကောင်းသူများ ၊ နောက်ဒီ ဒါအေရှ် အဖွဲ့ အစွန်းရောက် အစ္စလာမ်အမည်ခံအဖွဲ့ မှ အမေရိကန်
သတင်းထောက်တစ်ဦးကိုလည်လှီး သတ်ပြခဲ့တာ ကိုထောက်ခံပြီး အညင်းသာဆုံးလူသတ်နည်းက ဒီနည်းဟုထောက်ခံနေသူများ ...... စသည်ဖြင့် ဦှးနှောက် အသိဥာဏ်အသုံးမချသူများ
ကျမ်းတော်မြတ်ကုရ်အာန်၊စစ်မှန်သည့်ဟဒီးစ်တော်များ သဖ်စီးရ်များ၊အိုလမာတို့၏ကျမ်းကို မတတ်၊မဖတ်ဖူးသူများကို အောက်ပါ မေးခွန်းလေး အချို့ကို အဖြေပေးစေလိုပါတယ် ....ခင်ဗျား
၁။ မဟာတမန်တော်မြတ်ကြီး (ဆွ) ကကော် အခု ISIL လုပ်သလို့ လုပ်ပြခဲ့ပါသလား ?
၂။ စစ်မှန်သည့် သာဝကတော်ကြီး (ရ.သွေ) တွေကကော် အခု ရက်စက် ယုတ်မာ ပြီး အစ္စလာမ် အမည်ကို ပျက်ခဲ့ပါသလား ?
၃။ စစ်မှန်သည့် သာဗေအီးမ်များ ၊စစ်မှန်သည့် အိုလမာယေ အစ္စလာမ် ကကော် ဒီလို့ အလုပ်တွေလုပ်ပြခဲ့ပါသလား?
၎။ ကျမ်းတော်မြတ်ကုရ်အာန် စစ်မှန်သည်ဟဒီးစ်တော်များ ၊သဖ်စီးများက ကော် ဒီလိုလုပ်ရမည် ဟုလမ်းညွန်းထားပါသလား?
၅။ ဒီလို သွေးအေးအေးနည်း သတ်ပြနိုင်တာ သာမန် သွေးရိုးသားရိုးကော် ဖြစ်နိုင်ပါသလား၊ စိတ်ကြွဆေး၊မူးရစ်ဆေးများ သုံးပြီး လူစိတ်ပျောက်အောင် လုပ်ပြီးမှ သတ်တာဆိုတာကော်
မဖြစ်နိုင်ဘူးလား ?
၆။ဘာကြောင့် လက်ရှိ နှစ်ပေါင်း၆၀ကျော်ကတည်းက ပါလက်စတိုင်းမွတ်စလင်မ်တွေ၏ မြေကို မတရားသိမ်းထားပြီး မတရားယုတ်စွကလေးအမျိုးသမီးပါမရှောင် လက်နက် ကြီးငယ်ဖြင့်
သတ်နေကွပ်မျက်နေသည့် ကိုလိုနီ အစ္စရေးများကိုကော်ဘာကြောင့် ဒီလို မသတ်ကြတာလဲ ?
၇။ အမေရိကန် ကိုကော် ဘာလို့ဒီလို မလုပ်ရဲကြတာလဲ ?
၈ ။လည်တောင် သတ္တိရှိရှိလှီးပြရဲတာဘဲ ဘာကြောင့် ယောက်ကျားမပီသစွာ မျက်နှာဖုံးစွပ်ပြီးလှီးပြရတာလဲ ?
၉။ ဘာကြောင့် မဆိုင်တဲ့အပြစ်မဲ့ပြည်သူတွေ၊သတင်းထောက်တွေကို ကြားခံအဖြစ် ယောက်ကျား မပီသစွာနဲ့ အသုံးပြုတာလဲ? ၁၀ ။ အစွန်းရောက်မလို့ အစွန်းရောက်၊သူပုန်မလို့သူပုန်၊ အစ္စလာမ်ခုတုံးလုပ်နေလို့ခုတုံးလုပ်သူ၊ ...စသည်ဖြင့်ပြောတာ ဘာကြောင့် နာရတာလဲ?
၁၁။ဤလူမဆန်သည့် အစ္စလာမ် အမည်ခံ လုပ်ရပ်တွေ ကြောင့် ကမ္ဘာနေရာအနှံ့ တွင်နေထိုင်နေသည့် မွတ်စလင်မ်များ အထူးသဖြင့် အစ္စလာမ့်နိုင်ငံ
မဟုတ်သည့်နိုင်ငံများ ၊ အခုလို မွတ်စလင်မ် အမြစ်ပြုတ်နေသည့် မြန်မာနိုင်ငံ မှနေထိုင်နေသည့် မွတ်စလင်မ်များ ၏အသက်၊စည်းစိမ်၊အရှက်စသည်တို၏လုံခြုံမှုကို မထိခိုက်ပါသလော?
နောက်မေးခွန်းတွေအများကြီးကျန်ပါသေးတယ် ...လောလောဆယ် ဤ မျှလုပ်လောက်ပါပေသည်။







